သရုပ်ဆောင် စိုပြေမြင့်ကတော့ ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေကြားမှာ စတင်အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ စိုပြေမြင့်က " အရိပ်၊လေးစုံတွဲ၊ ပျောက်ဆုံးနေသော အမှန်တရား၊ သာမိုမီတာ" အစရှိတဲ့ ဇာတ်လမ်းတွဲလေးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဟာသဗီဒီယိုလေးတွေလည်းရိုက်ကူးလေ့ရှိတဲ့ စိုပြေမြင့်က ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိနေတာလည်း ဖြစ်ပါတယ်။

Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc

ပျော်ပျော်နေတတ်တဲ့ စိုပြေမြင့်က သရုပ်ဆောင်မင်းသမီးချောလေး ခေးဆက်သွင်နဲ့ဆိုရင်လည်း တကယ့်မောင်နှမတွေလို ခင်မင်ရင်းနှီးနေတာ ဖြစ်ပါတယ်။ ခေးဆက်သွင်ကလည်း စိုပြေမြင့်ကို မောင်လေးတစ်ယောက်လို ဆက်ဆံပြီး လိုအပ်တဲ့အရာလေးတွေရှိရင် ဖြည့်ဆည်းပေးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ခေးဆက်သွင်က မျက်မှန်လိုချင်တယ်ဆိုတဲ့ စိုပြေမြင့်အတွက် နာမည်ကြီး Brand ဖြစ်တဲ့ "Ray-Ban" မျက်မှန်ဆိုင်ကနေ ကိုယ်တိုင်လိုက်ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc

ဒါကြောင့် စိုပြေမြင့်က " ကျွန်တော့်ဘဝမှာ မရှိမဖြစ်လိုအပ်သူ ကိုယ့်အတွက် အမေတစ်ယောက်လိုရော အစ်မတစ်ယောက်လိုရော အချစ်ရဆုံးသူ ဘယ်လောက်ချစ်စရာကောင်းလဲဆိုတာ ဒီ ဗီဒီယိုဖိုင်ကိုသာကြည့်လိုက်တော့ အရမ်းချစ်တယ် မေမေခေး " ဆိုပြီး ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စိုပြေမြင့်ကိုမျက်မှန်လိုက်ဝယ်ပေးနေတဲ့ ခေးဆက်သွင်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-So Pyay Myint's FB Acc

Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။