နာမည်ကျော် ပင်လယ်ဓားပြသဘောင်္ ပုလဲနက်ရဲ့ ပိုင်ရှင် ကပ္ပတိန်ဂျက်စပဲရိုး ကိုတော့ ရုပ်ရှင်ပရိသတ်တွေ အကုန်နီးပါး သိရှိမှာဖြစ်သလို သူ့ကိုလဲ ကြိုက်နှစ်သက်ကြမှာပါ။ ကပ္ပတိန်ဂျက်စပဲရိုးကို အလွဲလွဲတွေလုပ်တတ်တယ်လို့ ထင်မြင်ရပေမယ့် တကယ်တမ်းတော့ သူကပေါတောတောပူံစံနဲ့ညဏ်သုံးကာ ရန်သူကိုနိုမ်နှင်းတတ်သူတစ်ယောက်ဆိုတာ ပရိသတ်ကြီးသိမှာပါ။ သူ့အနေနဲ့ဓားရေးမှာအလွန်တော်တယ်ဆိုတာကိုလဲ မုန်ုတိုင်းကြားကသဘောင်္ရွက်တိုင်မှာ Davy Jones နဲ့ ဓားရေးပြိုင်တာကလဲသက်သေပါပဲ။ ရှောင်ပြေးတတ်တဲ့ ငကြောက်လို့ သူ့ကိုထင်ရင်တော့ ခရာကန်နဲ့ချခဲ့တာကလဲ သတ္တိမနည်းကြောင်းပြခဲ့တာပါ။  

Spoilers Warning

Pirates of the Caribbean: Dead Men tell No Tales မှာတော့ ပင်လယ်ဓားပြကပ္ပတိန်မုတ်ဆိတ်နက်ကြောင့် ကပ္ပတိန်ဂျက်စပဲရိုးရဲ့ ပုလဲနက်သဘောင်္က ဖန်ပုလင်းတစ်ခုထဲရောက်နေပြီး ဂျက်စပဲရိုးမှာ သဘောင်္ပြန်မထုတ်တတ်သောကြောင့် တိုင်ပတ်နေကာ တပည့်အချို့နဲ့လေလွင့်နေပါတယ်။ ဝေလ်တန်နာနဲ့အယ်လီဇဘတ်တို့၏ သား ဟင်နရီမှာ အဖေဖြစ်သူဝေလ်မိနေတဲ့ Flying Dutchman သဘောင်္၏ကျိန်စာကနေလွတ်မြောက်စေဖို့ သဲလွန်စတွေရှာနြေ့ပီး ဗြိတိန်ရေတပ်မှာတာဝန်ထမ်းဆောင်နေပါတယ်။ တစ်ရက် ဟင်နရီတိူ့သဘောင်္ Devil’s Triangles ထဲရောက်ပြီး သဘောင်္သားတွေအကုန်လုး ကပ္ပတိန်ရှလာဇာနဲ့သူ့ရဲ့မသေမျိုးတပည့်တွေရဲ့သတ်ဖြတ်ခြင်းကိုခံရကာ ဟင်နရီသာအသက်ရှင်ကျန်ပြီး ဟင်နနရီကို မသေမျိုးကြီးရှလာဇာက ဂျက်စပဲရိုးကို သူလက်စားပြန်ချေမည်ဖြစ်ကြောင်းအမှာစကားပါး….

ယခု Pirates of the Caribbean: Dead Men tell No Tales ကတော့ အရင်ရှေ့့က On Stranger Tides မှာ ဂျက်စပဲရိုးတစ်ယောက် ပုလဲနက်ကိုပြန်ရခဲ့ပြီး မဖွင့်တတ်ဖြစ်ကာ အချိန်တွေကုန်လွန်ခဲ့ပြီး ငပေငတေဖြစ်နေသော်လည်း ဘာဘိုဆာမှာမှုက မုတ်ဆိတ်နတ်သဘောင်္ကြီးနဲ့ ကောင်းစားနေသည့်အချိန်များတွင်ဇာတ်လမ်းတည်ထားသည်။ Dead Men tell No Tales အနေဖြင့် အားနည်းချက်များစွာရှိနေပြီး အဆိုးဆုံးအချက်က ဂျက်စပဲရိုးတစ်ယောက် အရံဇာတ်ဆောင်လိုလို ဖြစ်နေခြင်းက အလွန်ကြည့်ရဆိုးနေသည်။ ဇာတ်လမ်းက ဇာတ်ဆောင်တွေအားလုံးကို ကိုယ်ပိုင်လုပ်ခွင့်ပေးထားခြင်းမရှိသလို ဇာတ်အိမ်က သာမန်ကာလျှံ လက်စားချေ ကျိန်စာဖျက် ကားတစ်ကားထက်မပိုခဲ့သလို ရှလာဇာနဲ့သူ့တပည့်တွေကလည်း ဒေဗီဂျုံးနဲ့သူ့သဘောင်္သားတွေလောက် ဖြဲခွင့်မရခဲ့သလို သိပ်ပြီးစိတ်ဝင်တစားမကောင်းခဲ့ပေ။ ဒါပေမယ့် ဇာတ်ရှိန်အနိမ့်အမြင့်က ပြေပြစ်ပြီး စိတ်ကျေနပ်မှုတွေတော့ သင့်ကိုပေးမှာ အမှန်ပါပဲ။

Ratings

IMDb – 7/10

Rotten Tomatoes – 29%

Metacritic – 39%

Myanmarload – 3.5/5

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။