ပရိသတ်ကြီးရေ မင်းသမီးချောလေး မိုးယုစံ ကတော့ အနုပညာလောကမှာ အကောင်းဆုံးလျှောက်လှမ်းလာခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုရရှိထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ မိုးယုစံ ဟာ စိတ်သဘောထားပြည့်ဝပြီး သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတက်သလို ဘာသာတရားအထူးရိုင်းမှုတွေကြောင့်လည်း ချစ်ခင်သူတွေပေါများနေတာဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်ပိုင်းမှာလည်း အပြစ်ပြောစရာမရှိလောက်အောင် အကောင်းဆုံး လုပ်ဆောင်နိုင်တာကိုတွေ့ရပါတယ်။

Photo & Video Credit - Moe Yu San
Photo & Video Credit - Moe Yu San

မင်းသမီးချောလေး မိုးယုစံ ကတော့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီး ဖြူဖြူဖွေးဖွေး ချစ်စရာကောင်းလောက်တဲ့ သားလေးတစ်ယောက်ကို မွေးထားကာ ပျော်ရွှင်တဲ့ မိသားစုလေးနဲ့ ဘဝကို အေးချမ်းစွာဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ခဏတာရပ်နားထားခဲ့ရပေမယ့် ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် မင်းသမီးချောလေး မိုးယုစံက နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် ချစ်စရာ tik tok ဗီဒီယိုလေးတွေကို ဖော်ပြပေးတာကိုတွေ့ ရပါတယ်။

Photo & Video Credit - Moe Yu San
Photo & Video Credit - Moe Yu San

ယခုတစ်ခါမှာလည်း မင်းသမီးချောလေး မိုးယုစံက အိမ်မှာနေရင်း အထာကျကျ ခပ်မိုက်မိုက်ဆော့ထားတဲ့ tik tok ဗီဒီယိုလေးကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ မိုးယုစံက လိုက်ဖက်တဲ့ ဖက်ရှင်လေးကိုဝတ်ပြီး အမိုက်စားတီးလုံးလေးအတိုင်း စည်းချက်ညီညီ လိုက်ဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် မိုးယုစံလေးကတော့ ဒီ tik tok ဗီဒီယိုလေးနဲ့လည်း ခုတလော finger dance ကိုဓာတ်ကျနေတယ်" ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး မိုးယုစံလေးရဲ့ အထာကျကျ လိုက်ကစားထားတဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Moe Yu San

Photo & Video Credit - Moe Yu San

Source - Moe Yu San's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။