ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေများစွာကို ရရှိထားပြီး ယနေ့ချိန်ထိ အရွယ်တင် နုပျိုလှပနေသူကတော့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး ချိုပြုံးပဲ ဖြစ်ပါတယ်။ သူမရဲ့ ပီပြင်တဲ့ အိုက်တင် သရုပ်ဆောင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးကြီး တစ်လက်လည်း ဖြစ်ပါတယ်။ အန်တီချိုပြုံးဟာ သရုပ်ဆောင်လောကတွင်သာမကဘဲ ဂီတလောကမှာပါ အောင်မြင်မှုတွေ များစွာ ရရှိထားတာလည်း ဖြစ်ပါတယ်။   

Photo Crd - Cho Pyone's FB Account
Photo Crd - Cho Pyone's FB Account
Photo Crd - Cho Pyone's FB Account

သူမရဲ့ အသံလေးဟာလည်း ပျားရည်ကဲ့သို့ ချိုသာလွန်းပြီး ပရိသတ်တွေရဲ့ နားထဲကို နားဝင်ချိုစေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ မြေးလေး ဝင်းခန့်မိုးဟာလည်း အဖွားဖြစ်သူရဲ့ အနုပညာအမွေတွေကို ဆက်ခံထားတာပဲဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးများတွင်ပါ ပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ ဝင်းခန့်မိုးဟာ လက်ရှိမှာလည်း နှုတ်ခမ်းနီမလေးတွေရဲ့ အပြတ်သတ် ဝန်းရံအားပေးမှုကို ရရှိထားတာကြောင့်လည်း အဖွားဖြစ်သူက ကြည်နူးပီတိ ဖြစ်နေတာပါ။ အခုမှာလည်း ဝင်းခန့်မိုးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd - Win Khant Moe's Facebook Account
Photo Crd - Win Khant Moe's Facebook Account
Photo Crd - Win Khant Moe's Facebook Account

ဒါကတော့ မြေးဖြစ်သူဝင်းခန့်မိုးနဲ့အတူ အထာကျကျခပ်မိုက်မိုက်လေး Tik Tok ဆော့ထားတဲ့ အန်တီချိုပြုံးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံစံလေးဟာလည်း ယနေ့ချိန်ထိ နုပျိုလန်းဆန်းနေတာဟာလည်း မြင်ရသူတိုင်းကို ချစ်မဝဖြစ်စေမှာဘဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ချိုပြုံးတို့မြေးအဖွားရဲ့ Tik Tok Video လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Win Khant Moe's Facebook Account and Cho Pyone's FB Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။