သရုပ်ဆောင် မင်းသားချော မိုးအောင်ရင်ကတော့ ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ မိုးအောင်ရင်က ဗီဒီယိုခေတ်ကတည်းက ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေကို ပုံမှန်ပြန်လည်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ မိုးအောင်ရင်ရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေက စောင့်ကြည့်အားပေးနေရတာ ဖြစ်ပါတယ်။

Photo Credit-Moe Aung Yin's FB Page
Photo Credit-Moe Aung Yin's FB Page
Photo Credit-Moe Aung Yin's FB Page

မိုးအောင်ရင်က လတ်တလောမှာတော့ ကျန်းမာရေးအတွက် အားကစားလိုက်စားပြီး လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်နေတာလည်း ဖြစ်ပါတယ်။ ဘဝအသစ်တစ်ခုကို စတင်တည်ဆောက်နေတဲ့ မိုးအောင်ရင်ကတော့ အလုပ်တွေလုပ်ရင်း ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာ ဖြစ်ပါတယ်။ အခုလည်း မိုးအောင်ရင်က သူနဲ့အရမ်းကိုခင်မင်ရင်းနှီးတဲ့ ချစ်သူငယ်ချင်း သင်ဇာဝင့်ကျော်ရဲ့ရှုတင်ကို အလည်လိုက်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Moe Aung Yin's FB Page
Photo Credit-Moe Aung Yin's FB Page
Photo Credit-Moe Aung Yin's FB Page

မိုးအောင်ရင်က ရိုက်ကူးရေးလုပ်နေတဲ့ ချစ်သူငယ်ချင်း သင်ဇာဝင့်ကျော်ရှိရာ " Piano Bar Yangon" မှာ အတူဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ မဆုံတာကြာတဲ့ မိုးအောင်ရင်တို့သူငယ်ချင်းနှစ်ယောက်ကတော့ အမှတ်တရပုံရိပ်တွေလည်း ပျော်ပျော်ပါးပါး ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သူငယ်ချင်းသင်ဇာဝင့်ကျော်ရဲ့ရှုတင်မှာပျော်နေတဲ့ မိုးအောင်ရင်ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Moe Aung Yin's FB Page 

Photo Credit-Moe Aung Yin's FB Page
Photo Credit-Moe Aung Yin's FB Page
Photo Credit-Moe Aung Yin's FB Page
Photo Credit-Moe Aung Yin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။