ပရိသတ်ကြီးရေ မိစန္ဒီကတော့ လူငယ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်မလေး ဖြစ်ပါတယ်။ သူမရဲ့အသံက ဆွဲဆောင်မှုရှိသလို သီချင်းစာသားလေးတွေကလည်း ပရိသတ်ရင်ကို ထိစေတာကြောင့် နာမည်ကြီးအောင်မြင်နေတာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ Rap, Hip- Hop, Pop စတဲ့ ဂီတသီချင်းအမျိုးအစားတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်ပြီး တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိခဲ့ပါတယ်။

Photo Credit : Mi Sandi Facebook Account
Photo Credit : Mi Sandi Facebook Account

သူမဟာ ပရိသတ်အခိုင်မာရရှိထားသူဖြစ်ကာ သီဆိုဖျော်ဖြေမှုကောင်းမွန်ရုံတင်မကပဲ ဖက်ရှင်ပိုင်းမှာလည်းဆန်းသစ်တဲ့ဖက်ရှင်တွေနဲ့ အမြဲစမတ်ကျလှပနေသူလည်းဖြစ်ပါတယ်။သူမဟာ လတ်တလောမှာတော့ သူမရဲ့ထွက်ရှိပြီးသားသီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ ရုပ်ချောသော်လည်း တစ်ယောက်တည်းဆိုတဲ့ သီချင်းလေးကိုပြန်လည်းဆိုပြထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ မိစန္ဒီ တစ်ယောက်ချစ်စရာကောင်းနေသလို သီချင်းလေးက နားထောင်ကောင်းနေတာလည်းဖြစ်ပါတယ်။

Photo Credit : Mi Sandi Facebook Account
Photo Credit : Mi Sandi Facebook Account

သူမရဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်လေးနဲ့ ချစ်စရာကောင်းနေတဲ့ ဟန်ပန်အမူအရာလေးတွေကလည်း ပရိတ်သတ်တွေကို အချစ်ပိုစေခဲ့တာလည်း ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးလည်း သူမရဲ့ သီချင်းဗီဒီယိုဖိုင်လေးကို ကြည့်ရှုနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။မိစန္ဒီလည်း ဒီထက်မက အောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Mi Sandi Facebook Account
Photo Credit : Mi Sandi Facebook Account

Source & Photo Credit : Mi Sandi Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။