ပရိသတ်ကြီးရေ အသက်ငယ်ငယ်လေးနဲ့ အသည်းယားစရာကောင်းအောင် စကားတက်လွန်းပြီး အမြဲသွက်သွက်လပ်လပ်ရှိတဲ့ အမူအရာလေးတွေက ချစ်စရာကောင်းနေလို့ ပရိသတ်တွေ အချစ်ပိုနေရတဲ့ သူလေးကတော့ ကလေးသရုပ်ဆောင် ထိပ်ထားသခင်ပဲဖြစ်ပါတယ်။ ထိပ်ထားလေးက ပါးဖောင်းဖောင်းလေးနဲ့ အသည်းယားစရာကောင်းနေပြီး ဖက်ရှင်တွေကလည်း လိုက်ဖက်ညီအောင် ဝတ်ဆင်တက်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ သူလေးပါနော်......။

Photo credit - "ထိပ်ထားသခင်" FB page
Photo credit - "ထိပ်ထားသခင်" FB page

အသက်ငယ်ငယ်လေးနဲ့ ယခုလို အောင်မြင်မှုတွေများစွာရရှိနေပြီး အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းလုပ်ဆောင်နေတဲ့ ထိပ်ထားလေးကို ပရိသတ်တွေသာမကပဲ အနုပညာရှင်တွေကပါ ချီးကျုးမဆုံးဖြစ်နေတာလည်းဖြစ်ပါတယ်။ သူမရဲ့ မိခင်ကလည်း သမီးလေးကို အပြည့်အဝကူညီပံ့ပိုးပေးနေတာလည်းတွေ့ရပါတယ်။ ထိပ်ထားက သူမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေနဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏဆိုသလို မျှဝေပေးလျှက်ရှိနေတာကြောင့် ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာပါနော်.......။

Photo credit - "ထိပ်ထားသခင်" FB page
Photo credit - "ထိပ်ထားသခင်" FB page

ယနေ့မှာတော့ ထိပ်ထားလေးက လူမှုကွန်ယက်စာမျက်နှာထက်မှာ ပိုစ့်တစ်ခုတင်ပေးလာတာပဲဖြစ်ပါတယ်။ အိပ်ချင်နေပြီဖြစ်တဲ့ ထိပ်ထားကို သူမရဲ့ မိခင်က မေးခွန်းတွေများစွာမေးနေတာဖြစ်လို့ ထိပ်ထားက " မေမေကလည်းနော် ကြီးလာရင်‌မေမေမီဒီယာမှာသွားအလုပ်လုပ်မှရ‌တော့မယ် သမီးကဒီမှာအိပ်ကလည်းချင်နေတဲ့ဟာကို " ဆိုပြီး ရေးသားထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကိုတင်ပေးလာတာပဲဖြစ်ပါတယ်.။ ကဲ... ချစ်ရတဲ့ ပရိသတ်တွေ ထိပ်ထားရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရှုပြီး အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်......။

Photo credit - "ထိပ်ထားသခင်" FB page
Photo credit - "ထိပ်ထားသခင်" FB page

Source & Photo credit - "ထိပ်ထားသခင်" FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။