ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အမေရိကန်နိုင်ငံက "ကန္တာရမြို့တော်"အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား ရှိ Slab မြို့ဟာ နှစ်ပေါင်း ၅၀ ကြာ ရောင်စုံ ကျူးကျော်အိမ်များဖြင့် ပြည့်နေခဲ့ပါတယ်။ အကျဉ်းသားများနှင့် စိတ်လွတ်လက်လွတ်နေကြသူများ အတွက် ထိုမြို့ဟာ မွေ့လျော်ဖွယ် အိမ်နေရာ တစ်ခု ဖြစ်ခဲ့ပါတယ်။ ထိုမြို့မှာ ရယ်စရာကောင်းတဲ့ ကားများကလည်း စုဝေးနေကြပါတယ်။ ဒါ့အပြင် ဟစ်ပီတို့ရဲ့ နိဗ္ဗာန်ဘုံဖြစ်ခဲ့တဲ့ "slab"မြို့မှာ ၁၉၄၂ ခုနှစ်က မရိန်းတပ်လေ့ကျင့်ရေး စစ်စခန်းတစ်ခု ဖွင့်လှစ်ခဲ့ပြီး နာဇီများကို တိုက်ရန် စစ်သားများကို လေ့ကျင့်ပေးခဲ့သော နေရာဖြစ်ပါတယ်။

photo credit pngtree

နောက်ပိုင်းမှာတော့ စခန်းကို ဖျက်သိမ်းခဲ့ချိန်မှာ ကွန်ကရစ် အရာများ ကျန်ရှိနေခဲ့ပါတယ်။ ထိုကွန်ကရစ် ပြားများ "slab"ကို အစွဲပြုပြီး "Slab" မြို့လို့ အမည်တွင်ခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်များမှာ အပမ်းဖြေခရီးထွက်လာကြတဲ့ ယာဉ်များ "RV" ဟာ ကော်လိုရာဒို ကန္တာရအတွင်း ဖြတ်သန်းခဲ့ကြတုန်းက "Slab"ကို ညအိပ်ရပ်နားနိုင်သော နေရာတစ်ခုအဖြစ် တွေ့ရှိခဲ့ကြပါတယ်။ ယာဉ်ပိုင်ရှင်များဟာ ကားရပ်နားကြေး ပေးဆောင်ရန် မလိုတာကြောင့် ကန္တာရအတွင်း စိတ်ပါ လက်ပါ အခြေချခဲ့ကြရာမှ လူဦးရေ ၅၀၀၀ အထိရှိလာခဲ့ပါတယ်။

photo credit pngtree

နောက်ထပ် ထူးခြားတာကတော့ စာကြည့်တိုက်၊ အင်တာနက် ကဖေး၊ ဂေါက်ကွင်းနှင့် ခရစ်ယာန်ဘုရားကျောင်းတို့ဟာ လျှပ်စစ်ဓါတ်အား၊ သန့်ရှင်းရေးနှင့် ရေသွယ်စနစ်များမရရှိသေးဘဲ ခေတ်မီအဆောက်အအုံများဖြစ်နေကြတာကို မြင်တွေ့ရမှာပါ။ ထိုမြို့မှာရှိခဲ့တဲ့ လူဦးရေ ငါးထောင်အနက် အမြဲအခြေချ နေထိုင်သူဦးရေမှာ နှစ်ရာသာ ရှိပါတယ်။ ဆောင်းရာသီကာလဟာ ထိုမြို့မှာ လူအစည်ကားဆုံးဖြစ်ကာ ဧည့်သည်များ အများအပြားလာရောက်လေ့ရှိကြပါတယ်။ ထိုမြို့ကို ကာကွယ်စောင့်ရှောက်ပေးနေကြသူများဟာ ဒေသခံများသာဖြစ်ကြပြီး ဒေသခံ မဟုတ်သူများဟာ Slab ကို အမှိုက်ပုံတစ်ခုလို့ သဘောထားကြတာပါ။ နောက်ပြီး စွန့်ပစ်ပစ္စည်းများကို စုပုံကြလေ့ရှိရာ ကားဟောင်းများလည်း ပါဝင်ခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။