စန္ဒီမြင့်လွင်ကတော့ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ရပ်တည်နေသူဖြစ်ပြီး အနုပညာအရည်အချင်းပြည့်ဝသူပဲ ဖြစ်ပါတယ်။ အခုချိန်မှာ အဆိုပိုင်းကို ပိုမိုဦးစားပေးလုပ်ကိုင်နေတဲ့ စန္ဒီမြင့်လွင်က ကိုယ်ပိုင်မိသားစုဘဝလေးတစ်ခုကိုလည်း တည်ဆောက်ထားနိုင်ပြီ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က ချစ်ခင်ပွန်းနဲ့ထိမ်းမြားလက်ထပ်ပြီး နောက်ပိုင်းမှာ အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေး တစ်ယောက်ကိုရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Dior By Heart
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Khin Lin Htin - Treasure's FB Page

စန္ဒီမြင့်လွင်ရဲ့သမီးချောလေးကတော့ သူမနဲ့ရုပ်ချင်းတစ်ထေရာတည်းတူပြီး ပါးဖောင်းဖောင်းကစ်ကစ်လေးတွေနဲ့ အသည်းယားစရာလေး ဖြစ်ပါတယ်။ အသက်(၁၁)လအရွယ်ရှိနေပြီဖြစ်တဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးကို မိသားစုဝင်တွေသာမက ပရိသတ်တွေကပါ အချစ်ပိုနေရတာ ဖြစ်ပါတယ်။ အခုလည်း မေမေစန္ဒီမြင့်လွင်က ပရိသတ်အချစ်တော် Treasure လေးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို မျှဝေပေးထားတာ ဖြစ်ပါတယ်။

Photo Credit-Dior By Heart
Photo Credit-Khin Lin Htin - Treasure's FB Page
Photo Credit-Khin Lin Htin - Treasure's FB Page

ဒီဗီဒီယိုလေးမှာ Treasure လေးက သွားသေးသေးလေးတွေပေါ်အောင် အားရပါးရရယ်မောနေပြီး လျှာလေးထုတ်ကာ ရုပ်ပြောင်လေးလုပ်နေတာလည်းဖြစ်ပါတယ်။ ကြည့်နေရင်းနဲ့တောင် အသည်းယားချင်စရာကောင်းတဲ့ Treasure လေးကတော့ မေမေ့ကိုအချစ်ပိုအောင်လုပ်လိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောစန္ဒီမြင့်လွင်ရဲ့သမီးလေး Treasure ရဲ့ချစ်စရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Sandy Myint Lwin's IG Story

Photo Credit-Khin Lin Htin - Treasure's FB Page
Photo Credit-Khin Lin Htin - Treasure's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။