ပရိသတ်ကြီးရေ တေးသံရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်ဟဲလေးကတော့ တေးသီချင်းလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ဟဲလေးရဲ့သီချင်းတွေဟာဆိုရင် လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြပြီး အမြဲတမ်းနားထောင်နေလည်း မရိုးသွားနိုင်တဲ့သီချင်းတွေပဲဖြစ်ပါတယ်နော်။ဟဲလေးက ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့ရပ်တည်နေတာဖြစ်ပါတယ်။
ဟဲလေးကတော့ ပျော်ရွှင်ချမ်းမြေ့စရာမိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားပြီး သူနဲ့ချွတ်စွပ်တူတဲ့ သားချောလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ဟဲလေးတို့မိသားစုလေးက အရမ်းပျော်ရွှင်စရာကောင်းပြီး စည်းစည်းလုံးလုံးရှိကြလို့ ပရိသတ်တွေကလည်းချစ်နေကြတာပါနော်။ဟဲလေးရဲ့သားလေးနှစ်ယောက်ကတော့ တဖြည်းဖြည်းကြီးလာလေ ဒယ်ဒီဟဲလေးနဲ့ပိုပိုတူလာလေဖြစ်တာကို ပရိသတ်ကြီးလည်းတွေ့နေရမှာပါနော်။
အခုဆိုရင်တော့ ဒယ်ဒီဟဲလေးက သားငယ်လေးရဲ့ပုံလေးနဲ့ သူ့ရဲ့ငယ်စဉ်ဘဝကပုံလေးကို ယှဉ်တွဲပြီး မျှဝေလာတာဖြစ်ပါတယ်။ဟဲလေးတို့သားအဖနှစ်ယောက်ကတော့ သားအဖတွေပါလို့ပြောစရာမလိုလောက်အောင်ကို ရုပ်ချင်းချွတ်စွပ်တူကြပြီး အရမ်းချောကြပါတယ်နော်။ပရိသတ်တွေလည်း ပုံတူထုထားသလားလို့ ထင်ရလောက်တဲ့ ဟဲလေးတို့သားအဖနှစ်ယောက်ရဲ့ပုံလေးကို တွေ့မြင့်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Source&Photo Credit:Naing Lin Aung's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။