ML ထဲမှာ Hero များစွာရှိတာကိုလဲ ပရိသတ်ကြီး သိသလို အမျိုးအစားလဲ များစွာရှိပါတယ်။ Tank, Suppot, Fighter, Mage, Assassin ပြီးတော့ Marksman ဆိုပြီး အမျိုးအစား တွေရှိပါတယ်။ အဲ့ထဲကမှ လူတော်တော်များများ တော်တော်လေးကြောက်ခဲ့ကြတဲ့ Hero ကိုပြောပြမှာဖြစ်ပါတယ်။ အဲ့ Hero ကိုကြော်ငြာခဲ့စဉ်က တော်တော်လေးကို ကြောက်နေခဲ့ကြပါတယ်။ ဘာလို့ဆိုတစ်ချက်ထုလိုက်ရင် တာဝါရဲ့ သွေးက တစ်ဝက်နီးပါးရောက်သွားလို့ပါပဲ။ Hero တွေဆိုမပြောတော့ဘူးလေနော်....သေပြီပဲ။  

အများဆုံးစုနိုင်တာကတော့ ၅၀၀ထိပဲဖြစ်ပါတယ်...ဒါပေမဲ့လဲ အဲ့လောက်ထိ စုဖို့ဆိုတာကတော့ ပွဲချိန်တော်တော်ကြာပြီး ကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်မှာဖြစ်ပါတယ်။ စကေး ၂ကတော့ အကာအကွယ်တစ်ခုကိုထုတ်လိုက်ပြီး အဲ့အကာရှိနေသ၍ တိုက်ခိုက်လာသမျှ Physical တွေအကုန်ကာပါတယ်။ အဲ့အကာဟာ ပေါက်ကွဲသွားရင်တော့ အနီးရှိရန်သူက Damageထိပြီး ဝ.၅စက္ကန့် နဲ့ ၁စက္ကန့် ကြား မူးစေပါမယ်။ သူရဲ့ စကေး ၃ကတော့ ပထမတစ်ချက်နှိပ်လိုက်ရင် မြေပုံပေါ်မှာ ရန်သူဟီရီုးတွေအကုန်ကို တွေ့နိုင်မှာဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ကိုသွားချင်တဲ့ ရန်သူ Hero ဆိကိုတစ်ချက်ထပ်နှိပ်လိုက်ရင် ပြေးသွားမှာဖြစ်ပါတယ်။  

အဲ့အပြင် အသုံးခံလိုက်ရတဲ့ ရန်သူအပေါ်မှာ အမှတ်လေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်။ အဲ့စကေးသုံးလိုက်တဲ့ချိန်မှာ ၅စက္ကန့်ကြာ ရန်သူ Hero အကုန်လုံးကိုမြင်ရမှာဖြစ်ပြီး အဲ့အချိန်အတွင်း ကိုသွားချင်တဲ့ Hero ဆိကိုနှိပ်ရမှာဖြစ်ပါတယ်။ Aldous Player တိုင်းဟာ Solo တစ်ယောက်ထဲ ဆော့ရတာဖြစ်ပြီး Early Game မှာ battle မဆိုင်တာကောင်းပါတယ်။ Late Game Hero ဖြစ်တာမို့ Game ပွဲအလယ်ရောက်ရင်တော့ ကိုယ်ကိုင်တဲ့ Aldous အနည်းဆုံး ၂ယောက်၁ယောက် ချနိုင်သင့်ပါပြီ။ ကိုယ့်ဘက်က Hero ကလဲ Aldous Battle ဝင်နေချိန်မှာ လိုက်ဝင်သင့်ပါတယ်။ ဘာလို့ဆို Aldous ပါတဲ့ပွဲဆို Enemy Hero တွေက Aldous ကိုပဲ မဲနေကြတာဖြစ်တာကြောင့်ပဲဖြစ်ပါတယ်။   

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။