ML ထဲမှာ လူကိုင်တာနည်းတဲ့ Role ထဲမှာ Support Roleလဲပါပါတယ်။ Support ကိုင်မဲ့ သူကိုဆိုရင် တော်တော်များများက Tank ကိုပဲ ကိုင်ခိုင်းပါတယ်။ Supportတွေက Battle အတွက် အထောက်အကူမဖြစ်ဘူးလို့ထင်ကြတာများပါတယ်။ တကယ်တော့ Supportတွေလဲ အသင်းအတွက် အထောက်အကူဖြစ်ပြီး Battle မှာလဲအထောက်အကူပြုပါတယ်။ Role နာမည်ကိုက Support ဆိုမှတော့ အသင်းကိုအထောက်အပံ့ကောင်းကောင်းပြုလို့ Support လို့ခေါ်တာပေါ့။ 

Skill 1 ကတော့ အနီးဆုံးရှိ ရန်သူ၃ယောက်ကို အပေါ်ကနေ ကြယ်လေးတွေပစ်ချတာဖြစ်ပြီး ထိသွားတဲ့သူက ၁.၅စက္ကန့်ကြာ ရွှေ့လျားနှုန်းကို ၆၀ရာခိုင်နှုန်း နှေးစေပါတယ်။ ၅စက္ကန့်အတွင်း အဲ့ထိသွားတဲ့သူတွေကို Skill 1ထပ်ထိပါက ၁၀ရာခိုင်နှုန်း Magic Damge ပိုထိစေမှာဖြစ်ပါတယ်။ ၅ကြိမ်ထိ စုနိုင်ပါတယ်။ Skill 2 ကတော့ သွေးပြန်ဖြည့်တာဖြစ်ပြီး သူကိုသူတော့ သွေး ၃၇၀ ဖြည့်ပြီး ကိုယ့်ဘက်က Heroတွေကိုတော့ ၉၀ ပြန်ဖြည့်ပေးပါတယ်။ Level အလိုက်သွေးဖြည့်နှုန်း တိုးသွားမှာဖြစ်ပါတယ်။ Skill သုံးချိန် ၁စက္ကန့်မှာ ရွှေ့လျားနှုန်းတွေကို ၅၀ ရာခိုင်နှုန်း မြန်စေပါတယ်။ Ulti ကတော့ သူမရဲအရှေ့တည့်တည့်ကို Holy light တွေချလိုက်တာဖြစ်ပြီး Magic Damage ထိစေကာ ၁.၅စက္ကန့် မူးနေစေပါတယ်။

Passive ကတော့ သူမသေသွားတဲ့အခါ သတ်သွားတဲ့သူကို ချိန်းလိုက်ပြီး ၂ စက္ကန့်အကြာ အားစုကာ ပစ်လိုက်ပြီး ချိန်းခံရတဲ့ရန်သူရဲ့ သွေး ၂၅ရာခိုင်နှုန်းကို True Damage ထိစေပါတယ်။ ဒါပေမဲ့ အဲ့ပစ်ချက်ကို အရှေ့ကနေ ခံပေးလို့ရပါတယ်။ ကိုယ်အသင်းက Battle ဆိုင်နေပြီဆိုရင် အရင်ဆုံး Ultimate ကို ရန်သူတွေကို ထိအောင်သုံးပေးပါ။ အဲ့နောက်မှာတော့ ကိုယ်ဘက်ကသူတွေကို Skill 2သုံးပြီး သွေးပြန်ဖြည့်ပေးပါ။ ရန်သူတွေကိုလဲ Skill 1 လေးသုံးပြီး ရွှေ့လျားနှုန်းနှေးအောင်ပြုလုပ်ပေးပါ။ ကိုယ်သေသွားရင်လဲ Passive ကြောင့် ရန်သူ hero ကို Damageထိစေတာမို့ Support ပီသပါတယ်။ 

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။