ONE Championshipရဲ့ ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်ကတော့ မြန်မာဂုဏ်ဆောင် လက်ဝှေ့အားကစားသမားတစ်ယောက်ဖြစ်ပြီး နိုင်ငံရဲ့ဂုဏ်ကို လက်ဝှေ့အားကစားနဲ့ မြင့်တင်ပေးနေတဲ့ အားကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ ယခုမှာ covid 19ကပ်ရောဂါကြောင့် ရွှေ့ဆိုင်ထားခဲ့ရတဲ့ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ထိုးသတ်မယ့် ပြန်လည်ပွဲစဉ်အတွက် အပြင်းအထန်လေ့ကျင့်ပြင်ဆင်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။

photo credit : aung la nsang(burmese python) 's facebook page
photo credit : aung la nsang(burmese python) 's facebook page

လေ့ကျင်ပြင်ဆင်မှုတွေပြုလုပ်လျက်ရှိနေသလို တစ်ဖက်မှာလည်း ချစ်ရတဲ့ မိသားစုလေးကို အချိန်အပြည့်အဝပေးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ အေးချမ်းတဲ့ မိသားစုလေး ကမ္ဘာလေးကို တည်ဆောက်ထားနိုင်ခဲ့တာပဲ ဖြစ်ပြီး သားလေးအောင်ဒီးနဲ့ သမီးလေးဆန့်ဆိုင်းတို့ကို ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိနေသူလေးပဲ ဖြစ်ပါတယ်။ 

photo credit : aung la nsang(burmese python) 's facebook page
photo credit : aung la nsang(burmese python) 's facebook page

အောင်လအန်ဆန်ကတော့ ယခုမှာ ပြုံးပျော်ရွှင်ပြီး ဆော့ကစားနေတဲ့ သမီးလေးကို ကိုယ်တိုင်ဗီဒီယိုရိုက်ကူးပြီး ချစ်မဝနိုင်ဖြစ်နေခဲ့ပါတယ်။ အောင်လအန်ဆန်သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အောင်လအန်ဆန်တို့ မိသားစုလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။ 

source: aung la nsang ig story

photo credit : aung la nsang(burmese python) 's facebook page
photo credit : aung la nsang(burmese python) 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။