ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ ထူးခြားဆန်းပြား အားကစားနည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "မြင်းဆွဲ ဘုတ်ပြား" ကစားနည်းအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုကစားနည်းကတော့ မြင်းတစ်ကောင်ဆွဲပြေးတဲ့ စကိတ်ပြားပေါ်မှာ တစ်နာရီ ၃၅မိုင်ကျော် အမြန်နှုန်းဖြင့် လိုက်ပါသွားရတာမျိုးပဲ ဖြစ်ပါတယ်။ ထိုကစားနည်းကို ၂၀၀၈ ခုနှစ်မှာ ဒယ်နီရယ်ဖိုလာက တီထွင်ခဲ့တာပါ။ သူဟာ စကိတ်ဘုတ်ပြားကို ကြိုးဖြင့် မြင်းတစ်ကောင်နဲ့ချည်ပြီး မြင်းဆွဲရာသို့ လိုက်ပါကာ ပျော်ရှင်ဖွယ် အတွေ့အကြုံတစ်ခု ခံစားရပြီး ကစားနည်းပြုလုပ်ရန် အကြံဉာဏ်ရခဲ့တာပါ။

photo credit pngtree

နောက်ပြီး သူ့ရဲ့ လယ်ယာမြေအတွင်း လယ်ယာသုံးအမှိုက်များနှင့် ရှုပ်ပွနေချိန်မှာ မိတ်ဆွေတစ်ယောက်နှင့် စကားပြောရင်း ဘုတ်ပြားများကို မြင်းအားဆွဲပြေးစေခြင်းဟာ ကစားနည်း တစ်ရပ်ဖြစ်လာနိုင်ကြောင်း သိရှိခဲ့ပါတယ်။ ဒယ်နီရယ်ဖိုလာဟာ ၂၀၁၁ ခုနှစ်မှာ ဗြိတိန်နိုင်ငံရဲ့ ပထမဆုံးမြင်းဆွဲ ဘုတ်ပြားစီး ချန်ပီယံပြိုင်ပွဲ ကျင်းပရန် စည်းရုံးခဲ့ပါတယ်။ ဒယ်နီရယ်ရဲ့ အဆိုအရ ထိုအားကစားနည်းဟာ လူတိုင်းကစားနိုင်သော ကစားနည်းဖြစ်ပြီး နေရာနှင့် သတ္တိအနည်းငယ်သာ လိုအပ်တယ်လို့ ဆိုပါတယ်။

photo credit pngtree

ထိုကစားနည်းရဲ့ အဓိကအချက်ကတော့ မြင်းက တစ်နာရီ ၃၅ မိုင်နှုန်းဖြင့် ပြေးနေချိန် ဘုတ်ပြားပေါ်မှာ မိမိဟန်ချက်ကို ထိန်းနိုင်ရန် ကြိုးကို ကိုင်ဆွဲထားရတာပဲ ဖြစ်ပါတယ်။ အရှိန်က အလွန်ပြင်းထန်တာကြောင့် လွတ်ကျသွားဖို့ အင်မတန်လွယ်ကူပြီး ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရတဲ့ အားကစားနည်းတစ်ခုလို့ ဆိုရမှာပါ။ လူသားတွေဟာ ကျန်းမာရေး၊ ဖျော်ဖြေမှု၊ အသက်မွေးဝမ်းကြောင်း အစရှိတဲ့ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ကစားနည်းအမျိုးမျိုးကို ဆော့ကစားခဲ့ကြရာ အချို့ထူးခြားဆန်းပြား အားကစားနည်းတွေကတော့ ထိုအချက်တွေပေါ် အရင်းခံပြီး တီထွင်ပေါ်ထွက်လာခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။