တေးရေး၊တေးဆိုတစ်ဦးအဖြစ် အောင်မြင်လာခဲ့တဲ့ အဆိုတော် အာဘွိုင်းကတော့ အသံကောင်းသလို ရုပ်ရည်ကလည်း ချောမောခန့်ညားသူ ဖြစ်ပါတယ်။ ပရိသတ်တွေကြွေစေနိုင်လောက်တဲ့ သီချင်းစာသားလေးတွေကို ရေးစပ်သီဆိုလေ့ရှိတဲ့ အာဘွိုင်းက မကြာသေးခင်ကလည်း "အငွေ့အသက်များ" ဆိုတဲ့ သီချင်းလေးတစ်ပုဒ် ထွက်ရှိထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဘွိုင်းက သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပါတယ်။

Photo Credit-Ye Min Lay Photography
Photo Credit-Kyaw Phyo Tun's FB Acc
Photo Credit-Ye Min Lay Photography

အာဘွိုင်းက မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက် ထွန်းကားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးတွေနဲ့အတူ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ အာဘွိုင်းက အခုလည်း ကလေးတွေအတွက် ပျော်စရာတွေ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ အာဘွိုင်းတို့ဇနီးမောင်နှံက သမီးလေးတွေအတွက် ကစားကွင်းငှားပေးပြီး Kids' Party လေးကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Ye Min Lay Photography
Photo Credit-Ye Min Lay Photography
Photo Credit-Kyaw Phyo Tun's FB Acc

အာဘွိုင်းတို့ဇနီးမောင်နှံက " ဒီတစ်ပါတ် Vlog လေးကတော့ မြတ်နဲ့ ကိုအာဘွိုင်းတို့ သမီးလေး (၃) ယောက်ကိုအချိန်ပေးဖြစ်တဲ့ Vlog လေးပါ။ မြတ်တို့မိသားစုရယ်၊ မြတ် ယောင်းမမိသားစုရယ်၊ ေ ဆွမျိုး မိတ်ဆွေတွေရဲ့ကလေး လေး တွေနဲ့အတူKidsVille Family Fun Centre မှာကလေးတွေကို ပျော်အောင်ဆိုပြီး kids' party အသေးစားလေးအနေနဲ့ private ငှားပြီး ဖြတ်သန်းခဲ့တဲ့အမှတ်တရ Video လေးပါ။ ဒီ video လေးကိုကြည့်ပြီး မြတ်တို့နဲ့အတူ အပျော်တွေကူးစက်နိုင်ကြပါစေနော်.."ဆိုပြီးဗီဒီယိုလေးကို တင်ထားတာပဲ ဖြစ်ပါတယ်။ကဲ ချစ်ပရိသတ်တွေအတွက် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အာဘွိုင်းတို့မိသားစုလေးရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-"Our Travel Diaries" FB Page

Photo Credit-Kyaw Phyo Tun's FB Acc
Photo Credit-Ye Min Lay Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။