ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ကမ္ဘာကျော် သက်စွန့်ဆံဖျား စတန့်ပြကွက်တစ်ခုဖြစ်တဲ့ "Walks Tightrope Across Niagara Falls" နိုင်ရာဂရာ ရေတံခွန်ပေါ်မှာ ကြိုးတန်လျှောက်ပြတဲ့ အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ နစ်ဝါလင်ဒါဟာ နာမည်ကျော်လူသိများတဲ့ နိုင်ရာဂရာရေတံခွန်ကို ကြိုးတန်းပေါ်မှ ဖြတ်သန်း လမ်းလျှောက်ဖို့ ဆုံးဖြတ်ခဲ့ချိန်မှာ စီစဉ်သူတွေက အသက်လုံခြုံရေးသံကွင်းကို ခန္ဓာကိုယ်မှာ ချည်နှောင်ပြီးမှ လျှောက်ရန် တိုက်တွန်းခဲ့သော်လည်း ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

နစ်က အသက်အန္တရာယ် ကာကွယ်ရန် ကယ်ဆယ်ရေး အထောက်အကူပြု တစ်စုံတစ်ခုမှ မယူဆောင်တာဟာ စတန့်ကို ပိုမိုစွမ်းဆောင်နိုင်မယ်လို့ ဆိုခဲ့ပါတယ်။ ရေတံခွန်ကို ဖြတ်သန်းပြီး ကြိုးတန်းလျှောက်ခဲ့သော နစ်ရဲ့ စွမ်းဆောင်မှုကို ABC ရုပ်မြင်သံကြားဌာနက အောင်မြင်မှု မရှိနိုင်ဘူးလို့ ယူဆကာ ကမ္ဘာတစ်ဝန်း သန်းပေါင်းများစွာသော ရုပ်သံကြည့်ပရိတ်သတ်များ ကြည့်ရှုနိုင်ဖို့အတွက် ပြင်ဆင်တာမျိုး မပြုလုပ်ခဲ့ပါဘူး။ သို့သော် နစ်ရဲ့ အောင်မြင်စွာ စွမ်းဆောင်မှုကို ရေတံခွန်မှာ ရောက်ရှိနေကြသူများနှင့် ရုပ်မြင်သံကြားကြည့်သူများက မြင်တွေ့ခဲ့ကြရပါတယ်။

photo credit pngtree

နစ်ဟာ "Flying Wallendas"လို့ထင်ရှားတဲ့ ဂျာမနီနိုင်ငံ ဆပ်ကပ်မိသားစုမှ ဆင်းသက်ပေါက် ဖွားလာသူတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံမှ ကင်ယွန် ကျောက်ကမ်းပါးကို နှစ်လက်မအထူ ဝါယာကြိုးတန်းပေါ်မှ ဖြတ်သန်း လမ်းလျှောက်ဖို့ကိုလည်း ရည်ရွယ်ခဲ့သူလို့ သိရပါတယ်။ အကာအကွယ်ပစ္စည်းများကို သုံးတာဖြစ်စေ၊ မသုံးတာဖြစ်စေ နစ်နှင့် သူ့ရဲ့မိသားစုဝင်များအား လူသားများ စွမ်းဆောင်နိုင်တဲ့ အတိုင်းအတာကို ကျော်လွန် လုပ်ဆောင်နိုင်ခြင်းအပေါ် လေးစားဂုဏ်ပြုကြရမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။