ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ သစ်ပင်တွေကို မထိခိုက်စေဘဲ ဆောက်လုပ်ခဲ့တဲ့ အဆောက်အအုံအကြောင်းနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထူးခြားဆန်းကြယ်သော တွေးခေါ်ကြံစည်မှုကို အခြေတည်ပြီး ပြုလုပ်ခဲ့ကြ၊ ဆောက်လုပ်ခဲ့ကြတဲ့ အရာများဟာ ကမ္ဘာ့အံ့သြဖွယ် ရုပ်ဝတ္ထုပစ္စည်းများ ဖြစ်လာခဲ့ကြပါတယ်။ အဲ့ဒီတည်းကမှ သစ်ပင်တွေကို မထိခိုက်စေဘဲ အဆောက်အအုံများ၊ နေရာထိုင်ခင်းများ၊ လမ်းများ၊ အိမ်များ အစရှိသဖြင့် စိတ်ကူးရှိတဲ့အတိုင်း ပြုလုပ်ခဲ့သော အရာတွေလည်း ပါဝင်တာ ဖြစ်ပါတယ်။

photo credit pngtree

"Hillside house in Los Angeles built around a tree" လို့အမည်ရတဲ့ တောင်ကုန်းအိမ်ကို အမည်မသိ ဗိသုကာ ပညာရှင်တစ်ဦးဟာ အမေရိကန်နိုင်ငံ၊ လော့အိန်ဂျယ်လိစ်မြို့မှာ ခေတ်ပြိုင်အဆောက်အအုံ တစ်ခုအနေဖြင့် တည်ဆောက်ခဲ့ပါတယ်။ ထိုပညာရှင်ရဲ့ ရည်ရွက်ချက်ဟာ သဘာဝအလှတရားကို ဖြစ်နိုင်သမျှ အတိုင်းအတာအထိ များနိုင်သမျှ များများ ထိန်းသိမ်းထားနိုင်ရန် ဖြစ်ပါတယ်။ ဗိသုကာ ပညာရှင်များဟာ အိမ်တည်ဆောက်မယ့် နေရာမှာ မြင်တွေ့ရတဲ့ သစ်ပင်များကို အိမ်ဒီဇိုင်းတွင် ထည့်သွင်းရေးဆွဲခြင်းဖြင့် ဆောက်လုပ်နိုင်ကြပါတယ်။

photo credit pngtree

တောင်ကုန်းအိမ်ကို မတ်စောက်သော တောင်စောင်းတစ်ခုပေါ်မှာ တည်ဆောက်ထားပြီး တောင်စောင်းပေါ်မှာ ပေါက်နေတဲ့ အပင်များကို ထိခိုက်မှုမရှိစေရန် အဆောက်အအုံမှ လသာဆောင်ကဲ့သို့သော တံတားတစ်ခုကို အဆောက်အအုံ အပြင်သို့ ထုတ်ထားတာပါ။ အိပ်ခန်းများရှိ အပင်များဟာ ကြမ်းပြင်ကို ထိုးဖောက်ဝင်ရောက်နေကြကာ မျက်နှာကြက်မှတစ်ဆင့် အမိုးသို့ ဖောက်ထွက်နေတာ ဖြစ်ပါတယ်။ နောင်လည်း ထူးခြားဆန်းပြား အိမ်တွေအကြောင်းကို ဖော်ပြပေးသွားပါဦးမယ်နော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။