ပရိတ်သတ်ကြီးရေ Mrtv-4ရုပ်သံဇာတ်လမ်းတွဲများနဲ့ ပရိတ်သတ်တွေအားပေးမှုအပြည့်အဝရရှိလာခဲ့ပြီး အောင်မြင်ကျော်ကြားလာသူလေးကတော့ မင်းသမီးချောလေးခြူးလေးပါ။ သူမဟာ ဇာတ်လမ်းတွဲအတော်များများတွင်ပါ၀င်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး သရုပ်ဆောင်ပီပြင်တာကြောင့် ရုပ်ရှင်ကားကြီးတွေအထိပါရိုက်ကူးနေရတဲ့ မင်းသမီးလေးဖြစ်ပါတယ်။

Photo credit-Chue Lay's Facebook page
Photo credit-Chue Lay's Facebook page

ခြူးလေးဟာ ချစ်စရာကောင်းတဲ့အမူအရာဟန်ပန်လေးတွေနဲ့ ပျော်ပျော်နေတတ်သူလည်းဖြစ်တာကြောင့် ပရိတ်သတ်တွေအချစ်ပိုပြီးရင်းပိုနေရတာပါနော်။ ဒါ့ပြင်ခြူးလေးဟာ အခွီtik tokလေးတွေလည်း ဆော့ပြီးတင်ပေးလေ့ရှိပြီး ပရိတ်သတ်တွေကြားမှာရေပန်းစားနေတာဖြစ်ပါတယ်။ မာန်မာနကင်းပြီး ပရိတ်သတ်တွေအပေါ်ကိုလည်း ဖော်ရွေတတ်တဲ့ခြူးလေးကို အားပေးချစ်ခင်ကြမယ်မလား။

Photo credit-Chue Lay's Facebook page
Photo credit-Chue Lay's Facebook page

ခြူးလေးဟာ အခုလတ်တလောမှာဆိုရင်လည်း အစားအသောက်တွေကို သွားရည်ယိုအောင်စားပြနေတဲ့ ဗီဒီယိုလေးတွေကိုတင်ပေးတတ်သူပါ။ မကြာသေးမီကလည်း ခြူးလေးဟာ သူမရဲ့ Facebookစာမျက်နှာတွင် "အစားစားရင် သူများသားရေကျအောင် မစားပြတတ်တာက အားနည်းချက်" ဆိုတဲ့ captionလေးနဲ့ ဇလုံထမင်းတွေကိုအားပါးတရစားပြနေတဲ့ ဗီဒီယိုလေးတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Chue Lay's Facebook page
Photo credit-Chue Lay's Facebook page

Source-Chue Lay's Facebook page

Photo credit-Chue Lay's Facebook page

Video Credit-Chue Lay's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။