ပရိသတ်ကြီးရေ ကိုပေါက်ကတော့ ဟာသဇာတ်ရုပ်တွေကို သရုပ်ဆောင်ရင်း ပရိသတ်ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရယူနိုင်ခဲ့တဲ့ သူပါနော်။ ကိုပေါက်က ဇာတ်ပို့သရုပ်ဆောင်အပြင် ကဗျာရေး ၊ ဇာတ်ညွှန်းရေး ဒါရိုက်တာတစ်ယောက်အဖြစ်လည်း အနုပညာလောကမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေသူပါနော်။ ယခုလိုအောင်မြင်မှုတွေ များစွာရရှိဖို့အတွက ်အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ ကိုပေါက်ရဲ့ စိတ်ဓာတ်ကိုလည်း ပရိသတ်တွေက ချီးကျုးမဆုံးဖြစ်နေကြတာလည်းဖြစ်ပါတယ်.....။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

ကိုပေါက်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေပြီး သူ အားလပ်တဲ့ အချိန်လေးတွေမှာ အပျင်းပြေ ဟာသ Tiktokဗီဒီယိုလေးတွေကို ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ကိုပေါက်က မင်းသမီးတစ်ယောက်လို ချောမောလှပတဲ့ ချစ်ဇနီးလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး စကားတက်ကာ ချစ်မွှေးပါတဲ့ သားသားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်......။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

အနုပညာငွေကြေးလေးနဲ့ တက်နိုင်သလောက် အလှူလေးတွေ ပြုလုပ်လေ့ရှိတဲ့ ကိုပေါက်က ယနေ့မှာလည်း အနုပညာရှင်ညီအကို မောင်နှတွေနဲ့အတူ စုပေါင်းပြီး အလှူတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။ အလှူပြုလုပ်နေတဲ့ အမှတ်တရဓာတ်ပုံလေးတွေအပြင် " YGW ဘိုးဘွားရိပ်သာ သွားပြီး အနုပညာညီအစ်ကိုမောင်နှမတွေရဲ့ စုပေါင်းအလှူလေးလုပ်ဖြစ်ခဲ့ပါတယ်။ နတ်လူသာဓုခေါ်စေသော် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်........။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

Source & Photo credit - Aung Min Naing's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။