ပရိသတ်ကြီးရေ မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ အနုပညာလောကမှာ ကြိုးစားအားထုတ်မှုတွေကြောင့် နေရာတစ်နေရာကို အခိုင်မာရပ်တည်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ မေမြင့်မိုရ်ဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားခဲ့တာဖြစ်ပါတယ်။ သူမကတော့ မြန်မာဆန်ဆန် ရိုးရှင်းအေးချမ်း ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်ရံခြင်းကို ရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်။

Photo Credit -May Myint Mo
Photo Credit -May Myint Mo

ဒါ့အပြင် သွယ်လျကျစ်ကျစ်တဲ့ သေးသေးသွယ်သွယ်ခန္ဓာကိုယ် လေးကို ပိုင်ဆိုင်ထားပြီး တစ်မျိုးလေး ဆွဲဆောင်မှုရှိကာ လှရက်လွန်းနေတဲ့သူလေးပဲဖြစ်ပါတယ်။ သူမဟာ လတ်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကြီးတွေမှာလည်း ပါဝင် သရုပ်ဆောင်လာတာကိုလည်းတွေ့ရပြီး ဒီထပ်မက အောင်မြင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေတာဖြစ်ပါတယ်။ ဒါ့အပြင် လှုပ်ရှားပုံရိပ်လေးတွေကို အမြဲဖော်ပြလေ့ရှိတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က ယခုမှာဆိုရင်တော့ ပရိသတ်တွေအတွက် သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြလာခဲ့ပြန်ပါပြီနော်...

Photo Credit -May Myint Mo
Photo Credit -May Myint Mo

ဒီပုံလေးတွေထဲမှာတော့ မေမြင့်မိုရ်က လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးကိုဝတ်ထားပြီး လှပတဲ့ နေကာမျက်မှန်လေးတပ်ကာ ရင်ခုန်စရာကောင်းလောက်တဲ့ အမူရာလေးတွေနဲ့ ခပ်မိုက်မိုက်ဓာတ်ဖမ်းထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝရဲ့ အလှတရားတွေကို ေနာက်ခံထားတဲ့ ဒီပုံလေးတွေနဲ့လည်း မင်းသမီးချောလေး မေမြင့်မိုရ် က "တိမ်တွေကိုမပိုင်သလို သူ့ကိုလဲ" ဆိုပြီး ချစ်စရာကောင်းလောက်တဲ့ caption လေးနဲ့လည်း ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ကဲ..ချစ်ပရိသတ်ကြီး ဟန်ဆောင်မှုကင်းပြီး ဆွဲဆောင်မှုရှိရှိ တစ်မျိုးလေး လှသွေးကြွယ်နေတဲ့ မင်းသမီးချောလေး မေမြင့်မိုရ် ရဲ့ ချစ်စရာပုံရိပ်လေးတွေကို အသည်းလေးတွေပေးခဲ့ပါဦးနော်...။

Photo Credit -May Myint Mo

Source - May Myint Mo's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။