ပရိတ်သတ်ကြီးရေ.....Miss Internationalတစ်ယောက်အနေနဲ့ ပရိတ်သတ်တွေစတင်သတိထားမိလာခဲ့တဲ့ တိုင်းရင်းသူလေးနန်းခင်ဇေယျာကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ Missတစ်ယောက်အနေနဲ့ စတင်ခဲ့ပြီး အခုဆိုရင်အနုပညာလုပ်ငန်းတွေကိုပါ ကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး ပရိတ်သတ်အားပေးလက်ခံတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ နန်းခင်ဟာ ဗီဒီယိုကားတွေ ရုပ်ရှင်ကားတွေပါအများအပြားရိုက်ကူးထားတဲ့သူဖြစ်ပြီး အနုပညာအရည်အချင်းပြည့်၀တဲ့သူလည်းဖြစ်ပါတယ်။

Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page
Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page

နန်းခင်ဇေယျာဟာ အနုပညာအလုပ်တွေအပြင် ပရဟိတလုပ်ငန်းတွေကိုပါ အားတက်သရောလုပ်ဆောင်တတ်တဲ့သူလည်းဖြစ်ပါတယ်။ နန်းခင်ဟာ အခုလက်ရှိမှာဆိုရင်လည်း မာလာရှမ်းကောနဲ့အသုပ်စုံဗန်းတွေကို ကိုယ်တိုင်ပြင်ဆင်ပြီးရောင်းချပေးနေတာလည်းဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ ခန္ဓာကိုယ်လှပဖို့အတွက် workoutလုပ်နည်းလေးတွေကိုလည်း ပရိတ်သတ်ကြီးအတွက် မျှဝေပေးနေတဲ့သူတစ်ယောက်ပါ။

Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page
Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page

နန်းခင်ဟာ သူမရဲ့အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ workoutလုပ်‌တဲ့ပုံလေးတွေကို မျှဝေပေးလေ့ရှိသူပါ။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ "လှလှပပ" ဆိုတဲ့ captionလေးနဲ့ ချစ်စရာကောင်းတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page
Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page

Source-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page

Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။