ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ အနုပညာရှင်မင်းသားချော မြင့်မြတ်ကတော့ သဘာဝကျလွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲ နေရာယူထားသူပဲ ဖြစ်ပါတယ်..။

အကယ်ဓမီထူးချွန်ဆုတွေပါ ပိုင်ဆိုင်ထားပြီး ဒိတ်ဒိတ်ကြဲအောင်မြင်နေပေမယ့်လည်း ပကာသနမဖက်ဘဲ ရိုးရှင်းတဲ့နေထိုင်မှုပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက သဘောကျအချစ်ပိုနေကြတာပါ..။

Photo Credit - Myat Wai Tun's Fb Account
Photo Credit - Myat Wai Tun's Fb Account

ပရိသတ်အခိုင်အမာနဲ့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်အဖြစ် ရပ်တည်နေသလို ချစ်ဇနီးချောလေးအပြင် ချစ်စရာကောင်းလွန်းတဲ့ သားသားလေးနဲ့အတူ ကြည်နူးအားကျစရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပါ..။

ဂျူနီယာမြင့်မြတ်လေးလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ မြင့်မြတ်ရဲ့သားလေး မြတ်သူကလည်း ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေရဲ့ အသည်းကျော်လေးပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Myat Wai Tun's Fb Account
Photo Credit - Myat Wai Tun's Fb Account

ပရိသတ်တွေရဲ့မျက်စိရှေ့တင် တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ အြတ်သူလေးကတော့ လည်လွန်းတတ်လွန်းလို့ အားလုံးက အချစ်ပိုနေကြရပြီး အခုတစ်ခါမှာလည်း အိမ်ရှေ့လမ်းပေါ် ထွက်ကစားရလို့ မြတ်သူလေးတစ်ယောက် ပျော်နေပါတယ်နော်..။

အိမ်ရှေ့လမ်းပေါ်မှာ ဘောလုံးနဲ့ ကစားရင်း ချစ်စရာကောင်းစွာ ပြုံးရယ်ပျော်ရွှင်နေတဲ့ မြတ်သူလေးရဲ့ အသည်းယားစရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သဘောကျနေကြမှာပါနော်..။

Photo Credit - Myat Wai Tun's Fb Account
Photo Credit - Myat Wai Tun's Fb Account

Source & Photo Credit - Myat Wai Tun's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။