ပရိတ်သတ်ကြီးရေ ချစ်စဖွယ်ဟန်ပန်အမူအရာလေးတွေနဲ့ ဖြူဖွေး၀င်းဥနေတဲ့အသားအရည်လေးကိုပိုင်ဆိုင်ထားတဲ့မင်းသမီးချောလေး သဥ္ဇာနွယ်ဝင်းကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဗီဒီယိုဇာတ်ကားများ ကြော်ငြာများနဲ့အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ပရိတ်သတ်အားပေးချစ်ခင်မှုရရှိတဲ့သူတစ်ဦးပါ။ ယခုဆိုရင်သဉ္ဇာနွယ်၀င်းဟာအနုပညာအလုပ်တွေကိုခဏရပ်နားထားပြီး သာယာတဲ့အိမ်ထောင်တစ်ခုကိုတည်ထောင်ကာ ချစ်စဖွယ်သားလေး Peach layနဲ့ သမီးလေး Tulipကိုပါပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

Photo credit-Thinzar Nwewin's Facebook acc
Photo credit-Thinzar Nwewin's Facebook acc

သဉ္ဇာနွယ်၀င်းဟာ အနုပညာအလုပ်တွေကိုရပ်နားထားခဲ့ပေမယ့်လည်း ပရိတ်သတ်တွေကတော့ သူမကိုအချစ်မလျော့ကြတဲ့အပြင် သူမရဲ့မိသားစုလေးကိုပါချစ်ခင်အားပေးနေကြဆဲဖြစ်ပါတယ်။ သားလေးနဲ့သမီးလေးဟာလည်း ဖြူဖြူဖွေးဖွေးလေးနဲ့ အရမ်းကိုချစ်စရာကောင်းနေတာဖြစ်ပြီး အသည်းယားစရာလေးတွေပါနော်။ သဉ္ဇာနွယ်၀င်းဟာ မိသားစုကိုအချိန်ပေးပြီး ဂရုစိုက်တတ်သူလည်းဖြစ်တာကြောင့် သူမတို့မိသားစုလေးဟာ ကြည်နူးစရာကောင်းနေတာပါ။

Photo credit-Thinzar Nwewin's Facebook acc
Photo credit-Thinzar Nwewin's Facebook acc

သဉ္ဇာနွယ်၀င်းဟာ သူမတို့မိသားစုပုံရိပ်လေးများကို social networkတွင်တင်ပေးတတ်သူတစ်ယောက်ဖြစ်ပါတယ်။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ "baby shark လေးနဲ့" ဆိုတဲ့ captionလေးနဲ့ မိသားစုသုံးယောက် ရေကူးရင်းအပန်းဖြေနေကြတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Thinzar Nwewin's Facebook acc
Photo credit-Thinzar Nwewin's Facebook acc

Source-Thinzar Nwewin's Facebook acc

Photo credit-Thinzar Nwewin's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။