ပရိသတ်ကြီးရေ ချစ်ချစ်ဇော်၊လင်းဇာနည်ဇော်နဲ့ ဒါရိုက်တာမိုက်တီးတို့ မောင်နှမတွေက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး စည်းလုံးကြတဲ့မိသားစုလေးပဲဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့ လင်းဇာနည်ဇော်တို့ရဲ့မိခင်က အူမကြီးကင်ဆာ ရောဂါဝေဒနာကိုခံစားနေရတာဖြစ်ပြီး ခွဲစိတ်ကုသဖို့အတွက် ဆေးရုံတင်ထားရတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့မောင်နှမတွေလည်း အမေ့အတွက်အစွမ်းကုန်ကုပေးနေကြပြီး ဘေးနားမှာတစ်ချိန်လုံးပြုစုစောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Lin Zarni Zaw's FB Acc
Photo Credit:သန်းထွန်းဇော် FB Acc

ဒါရိုက်တာမိုက်တီးကတော့"အနှိုင်းအဆမဲ့တဲ့ မိဘမေတ္တာတွေထဲက နည်းနည်းလေး တိုင်းဆ ကြည့်လို့ရတဲ့ ကျွန်တော့်အမေရဲ့ မေတ္တာ တစွန်းတစလေး ကို ဆွဲထုတ်ကြည့်မိတယ် -အခု -အမေ့ အသက် ၇၈ ကျွန်တော့်အသက် ၅၅ မှာ -အမေ ချက်ကျွေးတဲ့ ထမင်းဟင်း အနပ်ပေါင်း ၃၀၀၀၀ ကျော်တောင် ကျနော် စားခဲ့ရတယ် ၊ချက်သမျှ အားလုံးကလည်း ကျွန်တော့် အကြိုက်ချည်းပဲ ၊ကျွန်တော့်တင်ပဲလား ဆိုတော့ -မဟုတ်ပါဘူး -လင် ယောင်္ကျားကနေ သားသမီးများ အားလုံးနဲ့ မြေးအထိပါ တယောက်ချင်းစီ အကြိုက်ကို လိုက်ဖြည့်ဆည်းပေးနိုင်လွန်းတဲ့ အမေ့ ခမျာ..ဒီနေ့တော့ ...ငိုနေရက်ကို ထိမ်းထားမရတဲ့ ရှိုက်သံ နဲ့..." .. အမေက သားတို့ကို အသက် ၈၀ ကျော်အထိ ချက်ပြုတ်ကျွေးချင်သေးတာ .. အဲ့ဒါ တခုထဲပါ သားရယ် " တဲ့ -"

Photo Credit:သန်းထွန်းဇော် FB Acc
Photo Credit:Lin Zarni Zaw's FB Acc

"ကျွန်တော် အမေ့ကို မကြည့်နိုင်တော့ပဲ ပါးစပ်က လျှောက်ဖြောင့်ဖျနေတာ ..ဘာတွေမှန်းကို မသိပါ ၊ကြိတ်ပြီးလဲ ငိုနေရသေးတယ် -တစ်နေ့က အမေ့ကို ဆေးသွားစစ်တော့ ..အမေ့မှာ #အူမကြီးကင်ဆာ ရှိနေသတဲ့လေ တောက်!ငါ စ ဖြစ်ခဲ့လို့များ ငါ့ အမေဆီ ကူးရလေသလား -ဆိုင်ဆိုင် မဆိုင်ဆိုင် ကျွန်တော် ဘာကို ဘယ်လို ဒေါသထွက်ရမှန်းမှ မသိတာပဲ ၊ဒါ ပေ မဲ့ - အဖြေကတော့ သေချာခဲ့ပါပြီ -ဒီနေ့ပဲ ဆေးရုံတင်လို့ နောက်နေ့ ခွဲစိတ်ရပါမယ် ၊အစွမ်းကုန် ကုပေးရုံအပြင် ဆုတောင်းပေးရုံမှ တစ်ပါး..ကျွန်တော် ဆိုးခဲ့ ပေခဲ့သမျှထက် ပိုလို့အမေ့ကို ကျနော်ချစ်ခဲ့ပါတယ် -ဤမှန်သော သစ္စာစကားကြောင့်အမေဖြစ်ချင်တဲ့ ကျနော်တို့ကို ထမင်းထပ်ချက်ကျွေးလို့ရပါစေ အမေရယ် ..."ဆိုပြီး ဝမ်းနည်းကြေကွဲစွာရေးသားလာတာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's FB Acc
Photo Credit:သန်းထွန်းဇော် FB Acc

Photo Credit:Lin Zarni Zaw's FB Acc

Source:သန်းထွန်းဇော် FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။