ပရိတ်သတ်ကြီးရေ......ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ဆယ်လီတွေရဲ့ ရင်သွေးလေးတွေထဲမှာ သရုပ်ဆောင် မင်းသမီးချောမိုးယုစံရဲ့ သားလေး ကောင်းသိင်္ခမိုးသူလည်းအပါအ၀င်ဖြစ်ပါတယ်။ မိုးယုစံဟာ အနုပညာလောကမှာနှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတဲ့မင်းသမီးချောတစ်ယောက်ဖြစ်ပြီး အခုလက်ရှိမှာဆိုရင်လည်း ခင်ပွန်းဖြစ်သူစွမ်းသူနဲ့အတူ သာယာအေးချမ်းတဲ့မိသားစုဘ၀လေးကိုတည်ထောင်ထားတာပါနော်။
မိုးယုစံဟာ မိသားစုကိုအချိန်ပေးပြီးဂရုစိုက်တတ်တဲ့သူဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ သို့သော်လည်း ပရိတ်သတ်တွေကသူမကိုအချစ်မလျော့ပဲဆက်လက်အားပေးချစ်ခင်နေကြသလို သူမရဲ့မိသားစုလေးကိုပါအချစ်တွေပိုနေကြရတာပဲဖြစ်ပါတယ်။ သားလေးဟာလည်း ၂နှစ်ကျော်ရှိသွားပြီဖြစ်ပြီး စကားလေးတွေတီတီတာတာပြောကာချစ်မွှေးပါတဲ့ ကလေးလေးဖြစ်ပါတယ်။
မိုးယုစံဟာ မကြာသေးမီကသူမရဲ့ Facebookစာမျက်နှာတွင် "သားသားလေးနဲ့အပြင်မသွားရတာကြာပီ သူလေးပျော်အောင် ထားရတာ ရေဆော့ရရင်အရမ်းပျော်တဲ့သားတုန်းလေး ရေတောင်လူကြီးကန်မှကူးချင်သူလေးခုလိုမိသားစု အပန်းဖြေရအောင်စီစဉ်ပေးတဲ့ အကိုနဲ့အမ (My Dream မိသားစု)ကျေးဇူးတင်ပါတယ် ပုံလှလှလေးတွေရရင်ထပ်တင်ပေးမယ်နော်"ဆိုပြီး မိသားစု စုံစုံလင်လင်နဲ့ရေကူးရင်းအနားယူနေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။