ပရိသတ်ကြီးရေ အချိန်တိုအတွင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက် ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေးပဲဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ အနုပညာအမွေတွေကို ဆက်ခံသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကလေးတစ်ယောက်လို ဖြူစင်လွန်းတဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြာင့်လည်း ပရိသတ်တွေ အားလုံးက ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ 

Photo Crd - Thazin Htoo Myint's Facebook Account
Photo Crd - Thazin Htoo Myint's Facebook Account
Photo Crd - Thazin Htoo Myint's Facebook Account

သဇင်ထူးမြင့်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေတော့ ရိုက်ကူးခြင်းမရှိသေးဘဲ ရုပ်သံဇာတ်လမ်းတွဲလေးတွေမှာတော့ ပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ သဲဟာ ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် လိမ္မာရေးခြား ရှိလွန်းလှပြီး မိဘနှစ်ပါးလုံးကို လုပ်ကျွေးပြုစုနေတဲ့ သမီးလေးဖြစ်တာကြောင့်လည်း ခင်လှိုင်တို့ ဇနီးမောင်နှံနှစ်ယောက်လုံး ပီတိဖြစ်နေကြတာပါ။ လတ်တလောမှာတော့ သဲတစ်ယောက် အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိသေးပင်မယ့်လည်း သူငယ်ချင်းတွေနဲ့အတူ တစ်ခါတစ်ရံ Tik Tok လေးတွေ ဆော့ကစားဖြစ်နေတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Thazin Htoo Myint's Facebook Account
Photo Crd - Thazin Htoo Myint's Facebook Account
Photo Crd - Thazin Htoo Myint's Facebook Account

အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Video တစ်ခု Share ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ " အောင်သွယ်ပေးမယ့်သူကိုပါ ညှို့ပစ်လိုက်တာ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ သဲဟာ အိန္ဒိယသီချင်းလေးတွေကို နောက်ခံထားကာ သူငယ်ချင်းတွေဖြစ်တဲ့ မင်းခန့်ကိုတို့ အမြွှာညီအစ်ကိုနှစ်ယောက်နဲ့ ခံစားချက်အပြည့် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သဇင်ထူးမြင့်တို့ သူငယ်ချင်းတွေရဲ့ Tik Tok Video လေးတွေကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Thazin Htoo Myint's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။