ဒါရိုက်တာတစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ကိုပေါက်ကတော့ အနုပညာအလုပ်တွေကို ဟိုးအရင်ခေတ်ကတည်းက လုပ်ဆောင်လာခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ ကိုပေါက်ရဲ့အနုပညာအရည်အသွေးတွေကလည်း ပိုပိုတိုးလာပြီး ပရိသတ်တွေအတွက် အကောင်းဆုံးတွေကိုတင်ဆက်နေတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့ ကိုပေါက်ကိုယ်တိုင်သရုပ်ဆောင်ပြီး ရိုက်ထားတဲ့ tiktok ဗီဒီယိုဖိုင်လေးတွေကို ပရိသတ်တွေကကြိုက်နှစ်သက်နေကြတာဖြစ်ပါတယ်နော်။
ကိုပေါက်ရဲ့မိသားစုကလည်း ပါဝင်သရုပ်ဆောင်ပေးကြလို့ Tiktok လေးတွေက ပိုပြီးပြည့်စုံကာ ကြည့်လို့ကောင်းနေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ကိုပေါက်တို့တစ်မိသားစုလုံးကို တစ်ခဲနက်ဝန်းရံအားပေးကြပြီး သူ့ရဲ့အနုပညာအရည်အသွေးတွေကိုချီးကျူးနေကြတာဖြစ်ပါတယ်နော်။ပရိသတ်တွေအတွက် အပျင်းလည်းပြေ၊ဘဝအမောတွေလည်းခဏတာပြေပျောက်အောင်လို့ ကိုပေါက်က သူ့ရဲ့ဟာသဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေပေးနေတာဖြစ်ပါတယ်။
အခုဆိုရင်လည်း ကိုပေါက်က ချစ်ဇနီးချောရယ်၊မိတ်ဆွေတစ်ယောက်ရယ်နဲ့အတူ တက်ညီလက်ညီနဲ့Tiktokကစားထားတာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်တို့ရဲ့ဇာတ်ဝင်ခန်းတစ်ခန်းကို သုံးယောက်သား အိုင်တင်အပြည့်နဲ့သရုပ်ဆောင်ထားကြပြီး ကိုပေါက်ရဲ့အမူအရာတွေကတော့ လုံးဝကိုဇာတ်ရုပ်နဲ့တစ်ထပ်တည်းပါနော်။ကိုပေါက်ကတော့"အပျိုကြီးပဲ လုပ်တော့မယ်ဆိုမှ သူနဲ့တွေ့"ဆိုပြီး Tiktok ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလာတာဖြစ်ပါတယ်။
Source&Photo Credit:Aung Min Naing's Facebook Account
Video Credit:Aung Min Naing's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။