ပရိသတ်တွေကြား ရေပန်းစားလူကြိုက်များနေတဲ့ အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး ဝိုင်းစုခိုင်သိန်းကိုတော့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲနော်။ ဝိုင်းစုက အဆိုပိုင်းသာမကပဲ သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်တက်တာကြောင့် ပရိသတ်အားပေးမှုကို များစွာရရှိထားတဲ့ သူလေးပါနော်။ သူမက အခုလက်ရှိမှာလည်း သီချင်းအသစ်တွေကို ဆက်လက်ထွက်ရှိနိုင်ဖို့အတွက် ကြိုးစားဖန်တီးနေတာကိုလည်း တွေ့ရပါတယ်.........။ 

Photo credit - Wyne Su Khaing Thein's FB page
Photo credit - Wyne Su Khaing Thein's FB page
Photo credit - Wyne Su Khaing Thein's FB page

ဝိုင်းစုက မျက်နှာလေးနဲ့ လိုက်ဖက်တဲ့ အသံချိုချိုလေးတွေကိုလည်း ပိုင်ဆိုင်ထားသူပါနော်။ ဝိုင်းစုရဲ့ အသံချိုချိုလေးနဲ့ သီဆိုထားတဲ့ သီချင်းတိုင်းဟာလည်း ပရိသတ်တွေ ပါးစပ်ဖျားမှာ စွဲနေအောင် လူကြိုက်များ ရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။ ဝိုင်းစုက အဆိုတော် အောင်လနဲ့လည်း သာယာခိုင်မြဲပြီး နားလည်မှုအပြည့်ရှိတဲ့ အချစ်ရေးလေးကိုလည်း တည်ဆောက်ထားပါသေးတယ်။ ပရိသတ်တွေကလည်း ဝိုင်းစုတို့ စုံတွဲလေးကို အားကျနေကြတာပါနော်.........။ 

Photo credit - Wyne Su Khaing Thein's FB page
Photo credit - Wyne Su Khaing Thein's FB page
Photo credit - Wyne Su Khaing Thein's FB page

ယခုမှာတော့ ဝိုင်းစုက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပိုစ့်တစ်ခုတင်ပေးလာတာပဲဖြစ်ပါတယ်။ " ဒီနေ့ နောက်အခွေအတွက် နေချိုရေးပေးထားတဲ့သီချင်းလေးတွေ Dream Lover Bandနဲ့အတီး Date အမှတ်တရ မနက်ဖြန်လဲ တေးသံသာမှာ ဝေကြီးရေးပေးထားတဲ့ သီချင်းအသစ်ကလေးတစ်ပုဒ် ထွက်ဖို့ရှိတယ်နော်လို့ ချစ်ဆုံးတို့ရေ " ဆိုပြီး သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို တင်ပေးလာတာပဲဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်...။

Photo credit - Wyne Su Khaing Thein's FB page
Photo credit - Wyne Su Khaing Thein's FB page
Photo credit - Wyne Su Khaing Thein's FB page

Source & Photo credit - Wyne Su Khaing Thein's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။