မကြီးစိုးလို့အားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ မင်းသမီးချော စိုးမြတ်သူဇာကတော့ အကယ်ဒမီဆုတွေဆွတ်ခူးထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ် ။ နာမည်တစ်လုံးနဲ့ အခိုင်အမာရပ်တည်နေတဲ့ မကြီးစိုးက ရင့်ကျက်တည်ငြိမ်ပြီး အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ မကြီးစိုးက ယနေ့အချိန်အထိ အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေသလို အားလုံးရဲ့လေးစားချစ်ခင်မှုကိုလည်း ရရှိနေတာ ဖြစ်ပါတယ် ။

Photo Credit-Soe Myat Thuzar's FB Page
Photo Credit-"မင်းသမီး ပိုးထည်တိုက်" FB Page
Photo Credit-Soe Myat Thuzar's FB Page
Photo Credit-"မင်းသမီး ပိုးထည်တိုက်" FB Page

စိုးညီအစ်မတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ မကြီးစိုးက ညီအစ်မတွေနဲ့အတူ ပူးပေါင်းဖွင့်လှစ်ထားတဲ့ ပိုးထည်ဆိုင်လေးကို ဦးစီးလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ် ။ မကြီးစိုးက သူမတို့ရဲ့မင်းသမီးပိုးထည်တိုက်က အဝတ်အစားတွေကို ကိုယ်တိုင်ဝတ်ဆင်ပြီး ကြော်ငြာပေးလေ့ရှိတာလည်း ဖြစ်ပါတယ် ။ အခုတော့ မကြီးစိုးက အလုပ်မလုပ်ရတာကြာပြီဖြစ်လို့ သူမအတွက်အရမ်းကိုနေရခက်နေကြောင်း ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Soe Myat Thuzar's FB Page
Photo Credit-"မင်းသမီး ပိုးထည်တိုက်" FB Page
Photo Credit-"မင်းသမီး ပိုးထည်တိုက်" FB Page
Photo Credit-"မင်းသမီး ပိုးထည်တိုက်" FB Page

မကြီးစိုးက " နေ့တိုင်း အလုပ်လုပ်ခဲ့တာ အနှစ် (၃၀) လောက်ဆိုတော့ အခု (၃) လလောက် အလုပ်မလုပ်ရတာ အရမ်းပဲအထီးကျန်သလို အရမ်းပဲ အပြစ်တွေရှိနေသလို ဟိုလိုလို ဒီလိုလိုနဲ့ အချိန်တွေကလည်းကုန်တာ မြန်ချက်ဆိုတာ အဲ့တာနဲ့ပဲ နောက် (၂ )လ ဆို (၄၉) ပြည့်ပြီ ဘာတွေလားပဲ စိတ်ညစ်တယ် " ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မကြီးစိုးရဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Soe Myat Thuzar's FB Page

Photo Credit-Soe Myat Thuzar's FB Page
Photo Credit-"မင်းသမီး ပိုးထည်တိုက်" FB Page
Photo Credit-"မင်းသမီး ပိုးထည်တိုက်" FB Page
Photo Credit-Soe Myat Thuzar's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။