သမီးချောလေးတစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ အဆိုတော်ချမ်းချမ်းကတော့ သမီးလေးမြမိုးဂင်္ဂါကိုလည်းသေချာဂရုစိုက်စောင့်ရှောက်ပေးပြီး မိခင်မေတ္တာအပြည့်အဝပေးတာဖြစ်ပါတယ်။ချမ်းချမ်းက လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ချမ်းချမ်းရဲ့အသံလေးကလည်း နားထောင်သူရဲ့နားထဲမှာ သာယာငြိမ့်ညောင်းစွာနဲ့စီးဆင်းသွားတာကြောင့် ချိုသာလွန်းတဲ့အသံလေးကိုပိုင်ဆိုင်ထားတာပါနော်။

Photo Credit:Chan Chan's Facebook Page
Photo Credit:Chan Chan's Facebook Page
Photo Credit:Chan Chan's Facebook Page

ချမ်းချမ်းရဲ့တေးသီချင်းလေးတွေကလည်း အချိန်တိုင်းနားထောင်နေလည်းမရိုးသွားတာဖြစ်ပြီး ယနေ့အချိန်ထိတိုင်နားထောင်လို့ကောင်းနေဆဲဖြစ်ပါတယ်။နောက်ထပ်လည်း သီချင်းအသစ်လေးတွေကို ဆက်လက်ဖန်တီးနေတဲ့ချမ်းချမ်းက အနယ်နယ်အရပ်ရပ်ကိုသွားရောက်ပြီးတော့လည်း ပွဲတွေဖျော်ဖြေပါတယ်နော်။ချမ်းချမ်းရဲ့အောင်မြင်မှုတွေကတော့ တည်မြဲနေတာကြောင့် တေးသီချင်းလောကမှာ နေရာတစ်နေရာကနေရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit:Chan Chan's Facebook Page
Photo Credit:Chan Chan's Facebook Page

သမီးလေးတစ်ယောက်မွေးဖွားထားပေမယ့် သွယ်လျလှပတဲ့ခန္ဓာကိုယ်လေးက နည်းနည်းမှမပြောင်းလဲသွားဘဲ အရမ်းလှပနေတာဖြစ်ပါတယ်။ချမ်းချမ်းရဲ့အလှအပတွေက ဘိုဆန်ဆန်လှပပြီး နိုင်ငံခြားမင်းသမီးတွေလိုမျိုး အရမ်းဆွဲဆောင်မှုရှိတာဖြစ်ပါတယ်။အခုဆိုရင်လည်း ညှို့အားပြင်းတဲ့အလှအပတွေက မြင်သူတိုင်းကို ကြွေကျသွားစေပြီး ကလေးတစ်ယောက်အမေလို့ထင်ရက်စရာမရှိတဲ့ ချမ်းချမ်းရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Chan Chan's Facebook Page
Photo Credit:Chan Chan's Facebook Page
Photo Credit:Chan Chan's Facebook Page

Source&Photo Credit:Chan Chan's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။