လင်းလက်တောက်ပနေတဲ့ ကြယ်ပွင့်လေးတစ်ပွင့်အဖြစ် အနုပညာလောကမှာ ကြိုးစားနေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး မေတိုးခိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာမျိုးရိုးရှိသူတစ်ယောက်ဖြစ်ပြီး အဒေါ်ဖြစ်သူရဲ့ ဆုံူမပဲ့ပြင်မှုတွေနဲ့အတူ အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ် လုပ်ကိုင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ လုပ်တာ မကြာသေးပင်မယ့်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက် ချစ်ခင်အားပေးမှုတွေကို ရရှိထားသူတစ် ယောက်လည်း ဖြစ်ပါတယ်။  

Photo Crd - Maytoekhine.mtk's IG Account
Photo Crd - Maytoekhine.mtk's IG Account

မေတိုးခိုင်ဟာ အူဝဲပေါက်စလေးလို့ ထင်မှတ်ရလောက်အောင်ကို အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့ ရုပ်ချင်းအရမ်း ဆင်လွန်းတာပဲ ဖြစ်ပါတယ်။ မေတိုးခိုင်ဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ မိသားစုနဲ့အတူ ပြင်ဦးလွင်ကို အပန်းဖြေခရီးသွားရောက်နေတာပဲ ဖြစ်ပါတယ်။ ခရီးသွားပုံရိပ်လေးတွေကိုလည်း Instagram နဲ့ Facebook လူမှုကွန်ယက်မှ တစ်ဆင့် အမြဲ ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း Instagram Story မှာ ဗီဒီယိုလေး တစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd - Maytoekhine.mtk's IG Account
Photo Crd - Maytoekhine.mtk's IG Account
Photo Crd - Maytoekhine.mtk's IG Account

ဒါကတော့ အဒေါ်ဖြစ်သူအူဝဲရဲ့ခြံဝန်းအကျယ်ကြီးထဲမှာ ကလေးတစ်ယောက်လိုလွတ်လပ်ပေါ့ပါးစွာစက်ဘီးပတ်စီးနေတဲ့ မေတိုးခိုင်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ညီမလေးကို စက်ဘီးစီးရင်း စနောက်နေတာဟာလည်း ကြည့်ရှုသူတိုင်းကို ပျော်ရွှင်ကြည်နူးစေမှာ အမှန်ပါပဲနော်။ ပရိသတ်တွေအတွက် မေတိုးခိုင်ရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Maytoekhine.mtk's IG Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။