ပရိသတ်ကြီးရေ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုအပြည့်အဝရရှိထားတဲ့သူကတော့ ဒါရိုက်တာ ကိုပေါက် ပဲဖြစ်ပါတယ်။ ကိုပေါက် ကတော့ ဇာတ်ပို့ ၊ ဇာတ်ရံတစ်ယောက်အနေနဲ့ စတင်လျှောက်လှမ်းခဲ့ပြီး သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် လတ်ရှိမှာ နေရာတစ်နေရာကို အခိုင်မာရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ကိုပေါက် ဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့ မိသားစု ဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။

Photo & Video Credit - Aung Min Naing
Photo & Video Credit - Aung Min Naing

အနုပညာကို အထူးဝါသနာကြီးလွန်းတဲ့ ကိုပေါက် က လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ ပရိသတ်တွေ ပျော်ရွှင်သွားစေဖို့ အတွက် ဟာသ tik tok ဗီဒီယိုလေးတွေကို အမြဲဖော်ပြပေးတာကိုလည်းတွေ့ရပါတယ်။ သူ့ရဲ့ ဟာသ tik tok ဗီဒီယိုလေးတွေကလည်း ပရိသတ်တွေရဲ့ အားပေးကြည့်ရှုသူများပြီး နာမည်ကြီးနေတဲ့ ဗီဒီယိုလေးတွေပဲဖြစ်ပါတယ်။ ယခုမှာတော့ ကိုပေါက်တို့ မိသားစုလေးကတော့ မန္တလေးကိုသွားရောက်လည်ပတ်နေတာရင်း လွမ်းနေတဲ့ပရိသတ်တွေအတွက် ဟာသ tik tok ဗီဒီယိုလေးတွေ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။

Photo & Video Credit - Aung Min Naing
Photo & Video Credit - Aung Min Naing

ဒီ ဗီဒီယိုလေးကို ကိုပေါက် က အသိမိတ်ဆွေတစ်ယောက်နဲ့ အတူတူ ပရိသတ်တွေ ရယ်မောပျော်ရွှင်သွားရလောက်အောင် ဆော့ကစားထားတဲ့ ဟာသ tik tok ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ကိုပေါက်က " မန်းလေး ရောက်မှ ကျားချင်တာတောင် ကျားလို့မရပါလားအေ " ဆိုပြီး ရယ်စရာ Caption လေးနဲ့လည်း ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ တစ်နေ့ တစ်မျိုး မရိုးရတဲ့ ဖန်တီးဆော့ကစားထားတဲ့ ကိုပေါက် ရဲ့ ဟာသ tik tok ဗီဒီယိုလေးတွေ ပြန်လည်ကြည့်ရှုလို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Aung Min Naing

Source - Aung Min Naing 's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။