ထပ်ဆင့်အကယ်ဒမီဆုရှင် မင်းသမီးချော ခိုင်သင်းကြည်ကတော့ အရည်အချင်းအပြည့်ရှိပြီး အနုပညာလောကမှာ ထွန်းတောက်အောင်မြင်နေတာ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က သဘာဝကျပီပြင်တဲ့အိုင်တင်တွေနဲ့ ဇာတ်ရုပ်မျိုးစုံကို အသက်ဝင်လာအောင် သရုပ်ဆောင်နိုင်တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ခိုင်သင်းကြည်ရဲ့ထိမိပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကိုသာမက ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တဲ့ စကားပြောဟန်လေးတွေကိုပါ ချစ်နေရတာ ဖြစ်ပါတယ်။

Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc
Photo Credit-San Htate Htar Oo's FB Acc

ပကတိအတိုင်းချောမောလှပတဲ့ မခိုင်လေးက ကလေးတစ်ယောက်မေမေဖြစ်တာတောင် လူငယ်လေးအတိုင်း ငယ်ရွယ်နုပျိုနေဆဲ ဖြစ်ပါတယ်။ မခိုင်လေးက ချစ်ရတဲ့ခင်ပွန်း၊ သမီးလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားပြီး အေးအေးချမ်းချမ်းနေထိုင်နေတာ ဖြစ်ပါတယ်။ အခုလည်း မခိုင်လေးတို့မိသားစုလေးက အပြင်ထွက်ပြီး ညစာစားရင်း သုံးယောက်သား အရမ်းကိုပျော်ရွှင်နေတာ ဖြစ်ပါတယ်။

Photo Credit-San Htate Htar Oo's FB Acc
Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc

မခိုင်လေးက သူမတို့မိသားစုလေးရဲ့လှုပ်ရှားမှုတွေကို မျှဝေထားသလို ချစ်စရာကောင်းတဲ့ ထိပ်ထိပ်လေးတို့သားအဖရဲ့ပုံလေးကိုလည်း တင်ထားတာ ဖြစ်ပါတယ်။ မခိုင်လေးကတော့ သူ့ဖေဖေရဲ့ပုခုံးလေးအပေါ်မှာမှီရင်း ကပ်ချွဲနေတဲ့သမီးလေးကို ဓာတ်ပုံရိုက်ထားပြီး ချစ်မဝဖြစ်နေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မခိုင်လေးတို့မိသားစုရဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Khine Thin Kyi's FB Story 

Photo Credit-Khine Thin Kyi's FB Story
Photo Credit-Khine Thin Kyi's FB Story
Photo Credit-San Htate Htar Oo's FB Acc
Photo Credit-San Htate Htar Oo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။