နှုတ်ခမ်းနီမလေးတွေရဲ့ တစ်ခဲနက် ဝန်းရံအားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး နေရဲပဲ ဖြစ်ပါတယ်။ သူဟာ စမတ်ကျကျဖက်ရှင်များကို ရွေးချယ်ဝတ်ဆင်တတ်ပြီး အမြဲလိုလို ပျော်ပျော်နေတတ်တာကြောင့် လူချစ်လူခင်ပေါ်များနေတာပဲ ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင် ခင်လှိုင်ရဲ့ သားဖြစ်တာကြောင့် ဖေဖေနဲ့အတူ အနုပညာအလုပ်တွေကို အတူတကွ ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။  

Photo Crd - Nay Ye's Facebook Account
Photo Crd - Nay Ye's Facebook Account
Photo Crd - Nay Ye's Facebook Account

နေရဲဟာ ရုပ်သံဇာတ်လမ်းတွဲများတွင် သရုပ်ဆောင်ထားထားတာပဲဖြစ်ပြီး အချိန်တိုအတွင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတာပဲ ဖြစ်ပါတယ်။ နေရဲဟာ သူရရှိတဲ့ အနုပညာကြေးတွေနဲ့ မိဘတွေကို လုပ်ကျွေးနေတဲ့ သားလိမ္မာတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးတတ်သူတစ်ယောက်ဖြစ်ပြီး အခုတစ်ခါမှာလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Nay Ye's Facebook Account
Photo Crd - Nay Ye's Facebook Account
Photo Crd - Nay Ye's Facebook Account

ဒါကတော့ သူသီချင်းဆိုပြတာကို နားထောင်ရင်း ပျော်ရွှင်နေတဲညီမလေးကို ကြည့်ကာ ချစ်မဝဖြစ်နေတဲ့ ေ နရဲရဲ့ Video လေးပဲ ဖြစ်ပါတယ်။ နေရဲကလည်း " ချစ်လိုက်တာရွှေနှစ်လေးရယ်........ သမီးက ဦးဦးသီချင်းကို အရမ်းကြိုက်တော့......ဦးဦးပျော်တာပေါ့ကွယ် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုပြီး ချစ်မဝဖြစ်သွားရအောင် နေရဲရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော် ။

Source And Photo Crd - Nay Ye's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။