ပရိသတ်ကြီးရေ မင်းသမီးချောလေးရွှေမှုံရတီကတော့ နာမည်လေးနဲ့လိုက်အောင်ကို မှုံနေအောင်လှပတဲ့မင်းသမီးလေးပဲဖြစ်ပါတယ်။သူမရဲ့ချစ်ခင်ပွန်းရွှေထူးကလည်း ဇနီးချောလေးကို အမြဲစိတ်ချမ်းသာအောင်ထားပေးပြီး ကြင်နာယုယပေးတတ်တဲ့ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ရွှေထူးနဲ့ရွှေမှုံတို့ရဲ့ အိမ်ထောင်ရေးလေးက သာယာစိုပြေပြီးအေးချမ်းတဲ့အိမ်ထောင်ရေးလေးဖြစ်လို့ ပရိသတ်တွေကလည်းအရမ်းချစ်ပြီးအားကျနေကြတာဖြစ်ပါတယ်။

Photo Credit:Yin Kyay's Fb Acc
Photo Credit:Yin Kyay's Fb Acc
Photo Credit:Yin Kyay's Fb Acc

ရွှေမှုံလေးကတော့ ယောကျ်ားရပြီးသွားတာတောင် အပျိုတုန်းကအတိုင်းပဲ လှပနုပျိုနေဆဲဖြစ်ပြီး တစ်နေ့တစ်ခြားပိုပိုလှပလာတာကို ပရိသတ်ကြီးလည်းတွေ့မြင်နေရမှာပါ။ရွှေထူးနဲ့ရွှေမှုံတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ လက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြပြီး အပြန်အလှန်နားလည်မှုအပြည့်နဲ့ အေးအတူပူအမျှဖြတ်သန်းနေကြတာဖြစ်ပါတယ်။ရွှေမှုံလေးကတော့ မနေ့ကဆိုရင် Photo Shooting တစ်ခုအတွက်အလုပ်လုပ်နေတာဖြစ်ပါတယ်။

Photo Credit:Yin Kyay's Fb Acc
Photo Credit:Designer Kaung Myat's FB Page

ရွှေမှုံလေးရဲ့အလှအပတွေကတော့ မိန်းကလေးချင်းတောင်ငေးမောရလောက်ပြီး ခေါင်းအစခြေအဆုံးကိုလှပတာဖြစ်ပါတယ်။အခုဆိုရင်လည်း တော်ဝင်ဆန်တဲ့မင်းသမီးတစ်ပါးလို ခမ်းနားဝင့်ထည်စွာလှပနေပြီး ပြင်ထားတဲ့အပြင်အဆင်လေးနဲ့ အရမ်းလိုက်ဖက်နေတာဖြစ်ပါတယ်နော်။မြင်သူတကာငေးမောရလောက်တဲ့ အလှအပတွေနဲ့ ကျက်သရေရှိစွာလှပနေတဲ့ ရွှေမှုံလေးရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Designer Kaung Myat's FB Page
Photo Credit:Designer Kaung Myat's FB Page
Photo Credit:Designer Kaung Myat's FB Page

Source&Photo Credit:Yin Kyay's FB Acc&Designer Kaung Myat's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။