တစ်နေကုန်မိုးလင်းက မိုးချုပ်မှ အလုပ်လုပ်ရတဲ့သူတွေအတွက် အိမ်ပြန်ရောက်တဲ့အခါ ဘာများလုပ်ဖြစ်ကြမလဲလို့ စပ်စုချင်ပါရဲ့။တော်တော်များများကတော့ အိမ်ရောက်ရင် ရေမိုးချိုး ထမင်းစားပြီးတာနဲ့ အိပ်ရာပေါ်လှဲပြီး ဖုန်းကိုကောက်ကိုင်တော့တာပါပဲတဲ့။ ဟုတ်ရဲ့လား ပရိသတ်ကြီးရေ။ ဒီလိုဆိုရင် Admin တို့ လုပ်နေကျ အရာကြီးက မှားနေပြီထင်ပါရဲ့။ ....

အဲ့ဒီအစား အလုပ်မှာ အခက်အခဲဖြစ်နေတဲ့ ကိစ္စတစ်ခုကို ကျွမ်းကျင်အောင်လေ့လာရမှာ ဖြစ်ပါတယ်။

အလုပ်မှာ အခက်အခဲဖြစ်နေတဲ့ ကိစ္စတစ်ခုကို ကျွမ်းကျင်အောင်လေ့လာရမှာ ဖြစ်ပါတယ်။

အလုပ်ပြီးလို့ အိမ်ပြန်ရောက်သွားတဲ့အခါ သင် ဘာတွေလုပ်ဖြစ်လဲ။ ဘာလုပ်ရမှန်းမသိဘူးဆိုရင်တော့ ရေရှည်မှာ အကျိုးရှိစေမယ့် ကိစ္စရပ်လေးတွေကို ဖော်ပြလိုက်ပါတယ်။

၁ - စာဖတ်

အလုပ်ပြီးလို့ အားလပ်ချိန်တွေရှိနေရင် စာဖတ်ပါ။ နှစ်မျိုးခွဲပြီး ဖတ်ပါ။ သင့်အလုပ်၊ သင်ရပ်တည်နေတဲ့ နယ်ပယ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်သင့်ပါတယ်။ ဒီလိုမျိုး ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး အမြဲတမ်း ဗဟုသုတကြွယ်ဝနေတဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေထက် သင်က ရှေ့ရောက်နေပါတယ်။

နောက်တစ်မျိုးကတော့ နယ်ပယ်စုံကို ကျယ်ကျယ်ပြန့်ပြန့်ဖတ်ထားတာ ဖြစ်ပါတယ်။ ဒီလိုကျယ်ကျယ်ပြန့်ပြန့် ဖတ်ထားတဲ့အတွက် သင့်တွေးခေါ်မှုကလည်း ကျယ်ပြန့်လာပြီး တီထွင်ဖန်တီးရမယ့် ကိစ္စမျိုးပါ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်ဖန်တီးနိုင်သူ ဖြစ်လာပါတယ်။

၂ - လိုအပ်နေတဲ့ ကျွမ်းကျင်မှု

အလုပ်ပြီးတဲ့အချိန်မှာ အလုပ်သင့်ဆုံး အလုပ်ဖြစ်ပါတယ်။ အလုပ်မှာ အခက်အခဲဖြစ်နေတဲ့ ကိစ္စတစ်ခုကို ကျွမ်းကျင်အောင်လေ့လာရမှာ ဖြစ်ပါတယ်။ ဥပမာ - အင်္ဂလိပ်စာကြောင့် သင့်အလုပ်မှာ ရာထူးကြီးရဖို့ ခက်ခဲနေတယ်ဆိုရင် အလုပ်ပြီးတဲ့အချိန် အင်္ဂလိပ်စာလေ့လာဖို့ ကြိုးစားသင့်တာ ဖြစ်ပါတယ်။

၃ - ကိုယ်ပိုင် အလုပ်

ကိုယ်ပိုင်အလုပ်မျိုးလေး စလုပ်ထားတာ ကောင်းပါတယ်။ သူငယ်ချင်းတွေဆီမှာ ရှယ်ယာဝင်ထားတာ ဖြစ်ဖြစ်၊ အလုပ်ပြီးတဲ့အခါမှာ လုပ်လို့ရတဲ့ လုပ်ငန်းမျိုး ဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ဒီအလုပ်က သင်ဝါသနာပါတဲ့ အလုပ်ဖြစ်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သင့်အတွက် အလုပ်နှစ်ခုလုပ်ရတာကြောင့် အလွန်ပင်ပန်းမှာပါ။

၄ - ဝါသနာ

အချိန်တွေအားနေတယ်ဆိုရင် ယခင်က ရှိခဲ့ပေမယ့် ယခုပျောက်ကွယ်သွားသလိုဖြစ်နေတဲ့ သင့်ဝါသနာတွေကို ပြန်ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒီဝါသနာဟာ သင့်အတွက် အရှုံးမရှိဘူးလို့ ခံစားရတယ်ဆိုရင် သေချာလေ့လာရမှာဖြစ်ပါတယ်။ ယခင်က ကိုယ်ပိုင်ဝင်ငွေမရှိတာကြောင့် ဝေးခဲ့ရပေမယ့် ခုတော့ သင့်စိတ်ကြိုက်လေ့လာနိုင်ပါပြီ။ ဝါသနာတစ်ခုကို လေ့လာခွင့်ရနေတာဟာ စိတ်ပိုင်းဆိုင်ရာအရလည်း သင့်ကို အထောက်အကူ ဖြစ်စေပါတယ်။

၅ - အလုပ်

လက်ရှိလုပ်နေတဲ့အလုပ်ကို ပိုမိုထိရောက်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာရမှာ ဖြစ်ပါတယ်။ ဒါဟာ ရှေရှည်မှာ သင့်ကို စိတ်ချမ်းသာမှု ပေးနိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းကျွမ်းကျင်မှုမှာလည်း အခြားလူတွေထက် သာလွန်လာမှာ ဖြစ်ပါတယ်။

သတင်းအရင်းမြစ် Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။