မင်းသမီးချောလေးစမိုင်းလ်ကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်သူလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : စမိုင်းလ် Smile 's facebook page
photo credit : စမိုင်းလ် Smile 's facebook page

ပရိသတ်တွေ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ အလိုက်သိတတ်တဲ့ ချစ်ခင်ပွန်းကြောင့် ပျော်ရွှင်ခဲ့ရပြီး မိသားစုနဲ့အတူ ကြည်နူးစရာကောင်းတဲ့ အချိန်တွေကိုဖြတ်သန်းလျက်ရှိနေကာ သူမတို့ မိသားစုလေးကတော့ ပရိသတ်တွေ အချစ်ပိုရတဲ့ မိသားစုလေးပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ရန်ကင်းကလေးဆေးရုံသို့ ကျပ်သိန်း၁၄၀တန်အသက်ရှူစက်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ၃၆သိန်းကျပ်ကို လှူဒါန်းခဲ့ပါတယ်။

photo credit : amazing grace
photo credit :amazing grace

သူမကတော့ " ရန်ကင်းကလေးဆေးရုံသို့ သိန်း ၁၄၀တန်အသက်ရှူစက်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ၃၆သိန်းလှူဒါန်းခြင်း " ဆိုပြီး လှူဒါန်းခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် စမိုင်းလ်တို့ မိသားစုလေးရဲ့ အလှူအတန်းတွေပြုလုပ်နေခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source : စမိုင်းလ် Smile 's facebook page

photo credit : amazing grace
photo credit : amazing grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။