ပရိသတ်အချစ်တော် မင်းသမီးချောလေးတွေဖြစ်ကြတဲ့ အိချောပိုနဲ့ မေမြင့်မိုရ်တို့နှစ်ယောက်ကတော့ အောင်မြင်မှုကိုယ်စီနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ အိချောပိုက အနုပညာပျိုးခင်းရဲ့စင်တင်မင်းသမီးတစ်လက်အဖြစ် ဗီဒီယိုဇာတ်ကားတွေစတင်ရိုက်ကူးကာ အောင်မြင်ခဲ့ပြီး မေမြင့်မိုရ်ကတော့ "ပန်းနုသွေး၊ပုဂံမြို့သူ၊အရိပ်" စတဲ့ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Shinn Myat & Ei Chaw Po's FB Acc
Photo Credit-Shinn Myat & Ei Chaw Po's FB Acc
Photo Credit-Shinn Myat & Ei Chaw Po's FB Acc

အိချောပိုနဲ့ မေမြင့်မိုရ်တို့နှစ်ယောက်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အတူတူသရုပ်ဆောင်ကြသလို အနုပညာအလုပ်တွေကိုလည်း အတူတကွလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အနုပညာညီအစ်မတွေဖြစ်ကြတဲ့ သူမတို့နှစ်ယောက်က အပြင်မှာလည်း အရမ်းကို ခင်မင်ရင်းနှီးနေကြတာ ဖြစ်ပါတယ်။ အခုလည်း အိချောပိုနဲ့ မေမြင့်မိုရ်တို့က အပြင်ထွက်ပြီးလည်နေတဲ့ သူမတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးထားပါတယ်။

Photo Credit-Shinn Myat & Ei Chaw Po's FB Acc
Photo Credit-Shinn Myat & Ei Chaw Po's FB Acc
Photo Credit-Shinn Myat & Ei Chaw Po's FB Acc

သူမတို့နှစ်ယောက်ကတော့ ချစ်စရာကောင်းတဲ့ဟန်ပန်လေးတွေနဲ့ တစ်ယောက်ကိုတစ်ယောက် မလွှတ်တမ်းဖက်ကာ ပို့စ်ပေးနေကြတာပဲ ဖြစ်ပါတယ်။ တကယ့်ညီအစ်မတွေလို ချစ်ခင်နေကြတဲ့ အိချောပိုနဲ့ မေမြင့်မိုရ်တို့ရဲ့ပုံရိပ်လေးတွေက ပရိသတ်တွေကိုပါအချစ်ပိုစေနိုင်တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးနှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Ei Chaw Po's FB Acc & May Myint Mo's FB Acc

Photo Credit-Shinn Myat 

Photo Credit-Shinn Myat & Ei Chaw Po's FB Acc
Photo Credit-Shinn Myat & Ei Chaw Po's FB Acc
Photo Credit-Shinn Myat & Ei Chaw Po's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။