အရပ်လေးမျက်နှာက Hero တစ်ယောက်ဖြစ်ပြီး ညီအစ်ကိုသူငယ်ချင်းရဲ့ ရန်သူအဖြစ်ခံရတဲ့ Baxia ပဲဖြစ်ပါတယ်။ သူရဲ့ဇာတ်လမ်းကို ကြည့်ရတာကလဲ လက်တွေ့လောကမှာဆို စိတ်မကောင်းစရာပါပဲ။ ဆရာဖြစ်သူနဲ့ ညီအစ်ကိုသူငယ်ချင်းတို့ကြားမှာ ရောက်နေခဲ့သူပဲဖြစ်ပါတယ်။ သို့သော်လဲ ဆရာကို ဘယ်တော့မှ သစ္စာမဖောက်ရသလို အာမခံသင့်တာ လူတိုင်းသိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ခုပြောမှာ သူရဲ့ဇာတ်ကြောင်းမဟုတ်ပဲ Skill တွေကိုရှင်းလင်းဖော်ပြသွားမှာဖြစ်ပါတယ်။  

Skill 1 ကတော့ သူရဲ့ဒိုင်းကြီးနဲ့ ဘီးပုံစံလုပ်ပြီး လှိမ့်သွားကာ ရန်သူကိုထိတဲ့အခါ Knock စေကာ Magic Damage ထိစေပါတယ်။ Skill 2 ကတော့ သူရဲ့ Shield နဲ့ ရန်သူကိုပစ်လိုက်ကာ တူညီတဲ့ Buff ဖြစ်ဖြစ် Hero ဖြစ်ဖြစ်ထိစေမယ်ဆိုရင် CD ကို လျော့ချပေးပြီး ရန်သူကို Magic Damage ထိစေပါတယ်။ ရန်သူရဲ့ သွေးတက်နှုန်းကိုလဲ တစ်ခါတက်တစ်ခါ ပိုပိုပြီးလျော့ချပေးမှာဖြစ်ပါတယ်။ Ultimate ကတော့ သူရဲ့ဒိုင်းကနေ ချော်ရည်တွေထွက်လာမှာဖြစ်ပြီး သူ့ကို ရွှေ့လျားနှုန်းမြန်စေပါတယ်။ အဲ့ ချော်ရည်တွေက သွားရာနေရာမှာ ကျန်ခဲ့မှာဖြစ်ပြီး Magic Damage ဆက်တိုက်ထိစေပါတယ်။ အဲ့ချော်ရည်ပေါ်မှာရှိခဲ့ရင်ပေါ့....အဲ့အပြင် သူကိုလဲ လာသမျှ Damage တွေလျှော့ချပေးပါတယ်။  

Passive ကတော့ သူ့ကို Damage လျော့ချပေးပြီး ရန်သူတွေရဲ့ Regen Effect တွေကို သူရဲ့ Skill တွေထိတိုင်း ၃၀ရာခိုင်နှုန်းလျော့ချပေးပါတယ်။ Battle ဆိုရင် Ulti ဖွင့်ပြီး Skill 1 နဲ့ ပြေးဝင်ကာ Skill 2ကိုသွေးတက်ကြမ်းနေတဲ့ Hero ကိုပစ်ပါ။ သူရဲ့ကိုင်ပုံက တခြား Tank တွေနဲ့တော့မတူတာမို့ ဂရုစိုက်သင့်ပါတယ်။ Meta Tank တစ်ယောက်လိုသတ်မှတ်ရင်လဲမမှားပါဘူး။ Ulti ကို Nerf ထာပေမဲ့လဲ Damage ကတော့ မြင့်နေတုန်းပါပဲ။ 

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။