ML ဆော့တဲ့အခါမှာ Hero Pick တွေဟာ ပုံမှန်နည်းအတိုင်း သွားနေကြတာကို တော်တော်များများတွေ့ရှိရပါတယ်။ ကိုယ်ကြိုက်တာကိုကိုယ်ကိုင်ကြပြီး အသင်းအတွက် လိုတာတွေ မဖြည့်ပေးတာကိုလဲ တွေ့ရှိရပါတယ်။ ကစားနေတဲ့အခါမှာလဲ လမ်းတွေကို သွားချင်ရာ သွားနေကြပြီး တောထဲကနေ မထွက်ပဲ နေကြတဲ့ သူတွေလဲရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ အဲ့လို ပြဿနာတွေ ရှင်းနည်းကို နောက်မှာပြောပြပြီး ခုချိန်မှာတော့ အသင်းတစ်သင်းမှာ ဘယ်လို Hero တွေပါသင့်လဲဆိုတာကို ပြောပြသွားပါမယ်။   

ပထမဆုံးအနေနဲ့ ကိုယ်ဟာ အရင်ဆုံး Hero Pick ရမယ်ဆိုရင် ကိုယ့်အသင်းကို ဘယ် Hero Pick မလဲဆိုတာကို အရင်မေးပါ။ သူတို့ပြတဲ့ Hero တွေထဲမှာ ပွဲများပြီး Win Rate များတဲ့ Hero ကိုဦးစားပေးပါ။ အဲ့လိုထဲမှာမှ Tank နဲ့ တခြား Role တွေယှဉ်ပြရင် Tank ကိုဦးစားပေးပါ။ တခြား Role ထဲမှာ Ban Hero တွေပါရင်တော့ သူတို့ကို ပေးလိုက်ပါ။ အသင်းတစ်သင်းမှာ Carry ရယ် Tank ရယ် Push မဲ့သူရယ်ပါရင် အဆင်ပြေပါတယ်။ တစ်ဖက်အသင်းက အဓိကအကောင်ကို Counter ထောက်ဖို့ Hero လဲပါရပါမယ်။ ခုဆိုရင်Hyper ဆိုတဲ့ကစားပုံကပါလာတော့ Carryကိုပဲ Supportပးရတာမို့ Hero ရွေးတဲ့အခါ Supportနိုင်တဲ့သူပဲ ရွှေးကိုင်ရင်အဆင်ပြေပါတယ်။ 

Team Work ဆိုတာကိုလဲ ဆော့တဲ့အခါ မမေ့ပါစေနဲ့။ အသင်းမှာ Damage များများပေးနိုင်တဲ့ နှစ်ကောင်ကတော့ ရှိရပါမယ်။ Tank ကလဲ အဲ့နှစ်ကောင်လုံးကို ကာစရာမလိုပါဘူး။ Farm ရတဲ့ Hero တွေကို နှစ်ကောင်ထက်ပိုမယူသင့်ပါဘူး။ အသင်းမှာ Tank နှစ်ကောင်ပါရင် Damage များများပေးနိုင်တဲ့ Hero ကို Pick ပါ။ အသင်းတစ်သင်းအတွက် တကယ်တော့ အလိုအပ်ဆုံးက Team Work ပါ။ Team Work ကောင်းရင် Comeback ဆိုတာ ရှိပါတယ်။  

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။