ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Tower of London" လန်ဒန်မျှောင်စင် အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ၁၄၈၃ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ အင်္ဂလန်နိုင်ငံဘုရင် "Edward IV" ကွယ်လွန်ပြီးနောက် သားဖြစ်သူက ထီးနန်းကို ဆက်ခဲ့သော်လည်း အသက် ၁၃ နှစ်သာရှိသေးတာကြောင့် ဦးလေးဖြစ်သူ Gloucester မြို့စားကြီး "Richard" က အုပ်ထိန်းသူအဖြစ် တာဝန်ယူခဲ့ပါတယ်။ ဘုရင့် အုပ်ထိန်းသူဟာ ဘုရင်အရွယ်ရောက်တဲ့အထိ ဘုရင့်တာဝန်ကို ယူရတာကြောင့် Richard ဟာ ဘုရင့်ကိုယ်စား နိုင်ငံကို အုပ်ချုပ်ခဲ့ပါတယ်။

photo credit pngtree

ဒါပေမယ့် ဦးလေးဖြစ်သူက ဘုရင့်အာဏာကို မက်မောခဲ့ပြီး ၁၀ နှစ်အရွယ် ညီအစ်ကို နှစ်ယောက်ကို လန်ဒန်မျှော်စင်မှာ အကျဉ်းချခဲ့ပါတယ်။ ထို့နောက် ဦးလေးဖြစ်သူက အကျဉ်းချခံထားရတဲ့ သူ့တူတွေဟာ ဘုရင်ကြီးရဲ့ တရားဝင်သားတွေ မဟုတ်တာကို သိရှိပြီးနောက် ထီးနန်းကို ဆက်ခံခွင့်မရှိကြောင်း ကြေညာကာ ၁၄၈၃ ခုနှစ် ဇူလိုင်လမှာ မိမိကိုယ်တိုင် အင်္ဂလန် ဘုရင် Richard III အဖြစ် ဆက်ခံခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ "Edward V"ညီအစ်ကို နှစ်ဦးဟာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ လူအများက ဘုရင့်ညီအစ်ကိုအား Richard က သတ်ခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။

photo credit pngtree

၁၆၀၃ ခုနှစ်နှင့် ၁၆၁၄ ခုနှစ်မှာ လန်ဒန်မျှော်စင် အခန်းတစ်ခုရှိ စာရေးစားပွဲတစ်ခုမှ ကလေး အရိုးစု နှစ်ခုကို တွေ့ရှိ ခဲ့သဖြင့် ဘုရင်ညီအစ်ကို နှစ်ဦးဟု သံသယဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ခြောက်နှစ်နှင့် ရှစ်နှစ်အရွယ် ကလေးနှစ်ဦးရဲ့ အရိုးစုတွေသာ ဖြစ်နေခဲ့ပါတယ်။ ၁၆၁၉ ခုနှစ်မှာ အရိုးစုတစ်ခုကို တွေ့ရှိခဲ့သဖြင့် ညီအစ်ကို နှစ်ဦးအနက် တစ်ဦးလို့ ယူဆခဲ့သော်လည်း မျောက်တစ်ကောင်ရဲ့ အရိုးစု ဖြစ်နေခဲ့ပါတယ်။ ၁၆၇၄ ခုနှစ်မှာ လှေကားတစ်ခုအောက်မှ အရိုးစု နှစ်ခုကိုလည်းကောင်း၊ ၁၈၃၀ ပြည့်နှစ်နှင့် ၁၈၄၀ ပြည့်နှစ်မှာ မျှော်စင်ကို ပတ်ထားတဲ့ ကျုံးမှ အရိုးစုတွေကို လည်းကောင်း၊ ၁၉၇၇ ခုနှစ်မှာ အရိုးစုတစ်ခုကိုလည်းကောင်း တွေ့ရှိခဲ့သော်လည်း ဘုရင့်ညီနောင် အရိုးစုများ မဟုတ်ခဲ့ပါဘူး။ တော်ဝင်ဘုရင်ညီနောင်အရိုးစုတွေဟာ ယနေ့ထိတိုင် ပျောက်ဆုံး နေဆဲဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။