ပရိသတ်ကြီးရေ မင်းသား ကျော်ကျော်ဗိုလ် ကတော့ ဗီဒီယိုခေတ်ကာလကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး ယခုဆိုရင်တော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိပြီး အကောင်းဆုံး ရပ်တည်ထားနိုင်ခဲ့ပါပြီနော်...။ လတ်ရှိမှာတော့ ကျော်ကျော်ဗိုလ် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေရပြီး ပီပြင်လွန်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိထာဖြစ်ပါတယ်။ ဒါ့အပြင် စိတ်သဘောထားပြည့်ဝပြီး အမြဲပျော်ပျော်ရွှင်ရွှင်နေတက်တဲ့ သူဖြစ်တာကြောင့် ချစ်ခင်သူတွေပေါများနေတာဖြစ်ပါတယ်။

Photo & Video Credit - Kyaw Kyaw Bo
Photo & Video Credit - Kyaw Kyaw Bo

လတ်ရှိမှာတော့ အနုပညာအလုပ်တွေကို ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ ခဏတာရပ်နားထားခဲ့ရတဲ့ ကျော်ကျော်ဗိုလ် ကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို မွေးထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကျော်ကျော်ဗိုလ် က အားတဲ့ အချိန်လေးမှာဆိုရင်လည်း ရယ်စရာ tik tok လေးတွေကို ဆော့ကစားတာကိုတွေ့ရပြီး သူ့ရဲ့ tik tok ဗီဒီယိုလေးတွေကလည်း ပရိသတ်တွေသဘောကျကြိုက်နှစ်သတ်ခဲ့တဲ့ ဟာသ tik tok ဗီဒီယိုလေးတွေပဲဖြစ်ပါတယ်။

Photo & Video Credit - Kyaw Kyaw Bo
Photo & Video Credit - Kyaw Kyaw Bo

ယခုတစ်ခါမှာလည်း ပရိသတ်တွေအတွက် အိမ်မှာနေရင်း ဆော့ကစားထားတဲ့ ဟာသ tik tok ဗီဒီယိုလေးကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ကျော်ကျော်ဗိုလ် က " ခင်ဗျားတို့ အီးစကေး လောက်ကတော့သနားတယ် " ဆိုတဲ့ Caption လေးနဲ့ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ကျော်ကျော်ဗိုလ် ရဲ့ အီးစကေး လေးနဲ့ ဆော့ကစားထားတဲ့ ဟာသ tik tok ဗီဒီယိုလေးကို ပြန်လည် ကြည့်ရှုလို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Kyaw Kyaw Bo

Source - Kyaw Kyaw Bo 's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။