ပရိသတ်ကြီးရေ သရုပ်ဆောင်ကျော်ကျော်ကတော့ ဗီဒီယိုခေတ်ကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိလာတာဖြစ်ပါတယ်။ညီထွဋ်ခေါင်၊ဆုမြတ်နိုးဦးတို့နဲ့လည်း အရမ်းခင်မင်ရင်းနှီးပြီး သူငယ်ချင်းသုံးယောက်က မကြာခဏဆိုသလို ဟာသဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ ပရိသတ်တွေအတွက်မျှဝေပေးနေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူတို့သုံးယောက်လုံးကိုချစ်ကြပြီး သူတို့ရဲ့လှုပ်ရှားမှုတိုင်းကိုအားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Kyaw Naing Oo's Facebook Account/Aroma
Photo Credit:Kyaw Naing Oo's Facebook Account

ကျော်ကျော်က လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး ချစ်ရတဲ့သူငယ်ချင်းတွေနဲ့လည်း ဗီဒီယိုအတိုလေးတွေ အတူတူရိုက်ကူးနေကြတာဖြစ်ပါတယ်။ကျော်ကျော်က သာယာနွေးထွေးတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားပြီး မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်နေတာဖြစ်ပါတယ်နော်။အခုဆိုရင်တော့ ကျော်ကျော်က သူ့ရဲ့နွေးထွေးတဲ့အိမ်လေးအနှံ့ကို ဗီဒီယိုလေးရိုက်ထားတာဖြစ်ပါတယ်။

Photo Credit:Kyaw Naing Oo's Facebook Account
Photo Credit:Kyaw Naing Oo's Facebook Account
Photo Credit:Kyaw Naing Oo's Facebook Account

ကျော်ကျော်တို့မိသားစုရဲ့အိမ်လေးက ရိုးရိုးရှင်းရှင်းလေးနဲ့ နေချင်စဖွယ်ရှိပြီး အပေါ်ထပ်ကလသာဆောင်မှာလည်း သစ်ပင်၊ပန်းပင်လေးတွေနဲ့ အရမ်းအေးချမ်းတဲ့နေရာလေးပါနော်။ကျော်ကျော်တို့မိသားစုဓာတ်ပုံလေးတွေကလည်း နံရံမှာအပြည့်ချိတ်ထားပြီး ကျော်ကျော်တို့မောင်နှမနှစ်ယောက်ရဲ့ ဘွဲ့ဓာတ်ပုံလေးတွေကလည်း ဧည့်ခန်းမှာချိတ်ထားတာဖြစ်ပါတယ်။ကျော်ကျော်ရဲ့ နွေးထွေးပြီးအေးချမ်းတဲ့အိမ်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Kyaw Naing Oo's Facebook Account
Photo Credit:Kyaw Naing Oo's Facebook Account

Source&Photo Credit:Kyaw Naing Oo's Facebook Account

Video Credit:Kyaw Naing Oo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။