သရုပ်ဆောင် မင်းသမီးချောလေး မေတိုးခိုင်ကတော့ အကယ်ဒမီရွှေကြိုအဖြစ်လည်း ပါဝင်ခဲ့သလို ကြော်ငြာတွေ ၊ ဇာတ်ကားတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာလည်း ဖြစ်ပါတယ်။ မေတိုးခိုင်က ကလေးဆန်ပြီး အပြစ်ကင်းစင်တဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မေတိုးခိုင်က ထပ်ဆင့်အကယ်ဒမီဆုရှင် မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့တူမချောလေးလည်း ဖြစ်ပါတယ်။

Photo Credit-Li John Photography
Photo Credit-A Linn Yaung Photography
Photo Credit-Li John Photography

အူဝဲနဲ့လည်း ရုပ်ချင်းဆင်တဲ့ မေတိုးခိုင်က အဒေါ်ဖြစ်သူအူဝဲရဲ့အနုပညာအမွေတွေကို ဆက်ခံထားတာလည်း ဖြစ်ပါတယ်။ အူဝဲကလည်း တူမလေးမေတိုးခိုင်ကို အတူလက်တွဲခေါ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးပါ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မေတိုးခိုင်က အူဝဲတို့မိသားစုနဲ့အတူ ပြင်ဦးလွင်ကအိမ်ကို အလည်အပတ်ရောက်ရှိနေတာ ဖြစ်ပါတယ်။ အခုလည်း မေတိုးခိုင်က အူဝဲရဲ့သားဖိုးဓီလေးနဲ့ပုံရိပ်တွေကို မျှဝေပေးထားတာ ဖြစ်ပါတယ်။

Photo Credit-May Toe Khine - မေတိုးခိုင်'s FB Page
Photo Credit-May Toe Khine - မေတိုးခိုင်'s FB Page
Photo Credit-Eaindra Kyaw Zin's IG Acc

မေတိုးခိုင်က " ငါ့လည်းပေးရိုက်ကြပါဦး" ဆိုပြီး ချစ်စရာကောင်းတဲ့ ဖိုးဓီလေးတို့မောင်နှမရဲ့ အမှတ်တရပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ဖိုးဓီလေးကတော့ ဓာတ်ပုံရိုက်ဖို့ အပီအပြင်ပို့စ်ထိုင်ပေးနေတဲ့ မမမေတိုးခိုင်ကို ဘေးကနေလိုက်စနောက်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မေတိုးခိုင်နဲ့ အူဝဲရဲ့သားဖိုးဓီလေးရဲ့ချစ်စရာပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-May Toe Khine's IG Story 

Photo Credit-May Toe Khine's IG Story
Photo Credit-Eaindra Kyaw Zin's IG Acc
Photo Credit-Eaindra Kyaw Zin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။