ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တွေထဲမှာ ဝါရင့်သရုပ်ဆောင်အကယ်ဒမီ မင်းသမီးချောနန္ဒာလှိုင်ကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူပါပဲ..။

အနုပညာအလုပ်တွေရပ်နားထားကာ မိသားစုနဲ့စီးပွားရေးကိုသာ အချိန်ပေးဖြစ်နေတဲ့ နန္ဒာလှိုင်ကတော့ ချစ်ခင်ပွန်းအပြင် ချစ်စရာသမီးတွေနဲ့အတူ ကြည်နူးစရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Dior By Hreat
Photo Credit - Nandar Hlaing's Fb Account

ကြည်နူးစရာမိသားစုပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ နန္ဒာလှိုင်ကတော့ အခုတစ်ခါမှာလည်း ရန်မဖြစ် ပြဿနာမရှာတတ်ကြတဲ့ သူမတို့အိမ်ထောင်ရေးလေးအကြောင်းလေး ပြောပြလာပါတယ်နော်..။

ရန်မဖြစ် ပြဿနာမရှာတတ်တာ တစ်ခုတည်းနဲ့ ခင်ပွန်းသည်ကို ယူထားရတာ အရမ်းကံကောင်းတဲ့ အကြောင်းလေးပြောရင်း ခင်ပွန်းဖြစ်သူကို ချီးကျူးစကားလေးဆိုထားတာပါ..။

Photo Credit - Nandar Hlaing's Fb Account
Photo Credit - Nandar Hlaing's Fb Account

"လင်မယားရန်မဖြစ် ပြသနာမရှာတတ်တာ တခုထဲထဲနဲ့ ဒီယောကျာ်းယူရတာ အရမ်းတန်နေပါပြီအေ.." ဆိုပြီး အေးဆေးတည်ငြိမ်တဲ့ သူမတို့အိမ်ထောင်ရေးလေးအကြောင်း ရေးသားပြောပြထားတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာပါ..။

နားလည်ကြင်နာမှုလေးတွေနဲ့ ဖြတ်သန်းနေကြတဲ့ သူမတို့ဇနီးမောင်နှံကို ချီးကျူးစကားလေးတွေဆိုထားကြသလို ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက သဘောကျအချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Nandar Hlaing's Fb Account
Photo Credit - Nandar Hlaing's Fb Account

Source & Photo Credit - Nandar Hlaing's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။