ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ကမ္ဘာ့အမြန်ဆုံး မီးရထားတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ အမေရိကန်နိုင်ငံက "Amtrak Acela Express" အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ မီးရထား အမ်တရက်ခ် အေစီလာကို နှစ်ထောင်ပြည့်နှစ်မှာ စတင်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ထိုမီးရထားရဲ့ မြန်နှုန်းကတော့ တစ်နာရီကို ၂၄၁ ကီလိုမီတာ နှုန်းဖြစ်ပါတယ်။ ဒါပေမယ့် ထိုအချိန်မှစတင်ပြီး ရထားပေါ်မှာ free ဝိုင်ဖိုင် လွှင့်ပေးတာကလွဲပြီး အခြားပြောင်းလဲမှုတွေတော့ မတွေ့ရှိရတာ ဖြစ်ပါတယ်။

photo credit pngtree

အမေရိကန်နိုင်ငံ မြန်နှုန်းမြင့်မီးရထား ကွန်ရက်ဟာ ကန့်သတ်မှုများရှိနေတာကြောင့် ဘော့စ်တွန်၊ နယူးယောက်၊ ဖီလ်လာဒီဖီးယား၊ ဘယ်လ်တီမိုးနှင့် ဝါရှင် တန်ဒီစီတို့ကို ဆက်သွယ်တဲ့ မြောက်ပိုင်းလမ်းမှာသာ ပြေးဆွဲလျက်ရှိပါတယ်။ ခရီးစဉ် အစအဆုံးကို တစ်ခေါက်စီးနင်းမယ်ဆိုပါက အရှိန်နှင့် လမ်းအနေအထား ကန့်သတ်မှုတွေကြောင့် ခုနစ်နာရီ ဝန်းကျင် ကြာမြင့်မှာ ဖြစ်ပါတယ်။ သို့သော် ၂၀၂၀ ပြည့်နှစ်ရဲ့ တူညီသော ခရီးအကွာအဝေးရှိတဲ့ မြန်နှုန်းမြင့် ရထားလမ်းစီမံချက်တွင် ရထားများဟာ တစ်နာရီလျှင် မိုင်၂၂၀ ပြေးဆွဲကာ ဆန်ဖရန်စစ္စကိုမှ လော့စ် အိန်ဂျယ်လိစ်သို့ နှစ်နာရီ မိနစ် ၄၀ ဖြင့် ရောက်ရှိမယ်လို့ ဆိုပါတယ်။ 

photo credit pngtree

၁၈၂၅ ခုနှစ်မှာတော့ ဂျော့စတီဖင်ဆန် (၁၇၈၁-၁၈၄၈) တီထွင်တဲ့ ရေနွေးငွေ့သုံးစက်ခေါင်းဟာ ရထားလမ်းပေါ်မှာ ကောင်းစွာမောင်းနှင်နိုင်ခဲ့ပြီးနောက် မီးရထား သယ်ယူပို့ဆောင်ရေးဟာ ကမ္ဘာအနှံ့ ဖွံ့ဖြိုးကြီးထွားလာခဲ့ပါတယ်။ မီးရထားများဟာ အရှိန်နှုန်း မြန်သည်ထက် မြန်လာခဲ့ကြရာ ကျည်ဆန်ပြေးသော အရှိန်နဲ့တောင် နှိုင်းယှဉ်နိုင်တဲ့အထိ တိုးတက်ခဲ့ပါတယ်။ နောင်အခါမှာလည်း မီးရထားတွေဟာ ဒီထက်ပိုပြီး လျင်မြန်တဲ့ မြန်နှုန်းတွေကို ပိုင်ဆိုင်ကြမယ်လို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။