ပရိသတ်ကြီးရေ အနုပညာလောက အောင်မြင်မှုတွေနဲ့ အကောင်းဆုံးရပ်တည်နေတဲ့ မင်းသမီး ပွင့်နဒီမောင် ၊ ဇာတ်ပို့ ဇာတ်ရံတွေဖြစ်တဲ့ ကေညီ နဲ့ ထူးခြား တို့ အနုပညာရှင် ညီကို မောင်နှမတွေကိုတော့ သိကြမယ်ထင်ပါတယ်။ သူတို့ သုံးယောက်ကတော့ ပရိသတ်တွေကိုယ်စီ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားပြီး အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် စိတ်သဘောထားတွေလည်း ပြည့်ဝပြီး အမြဲပျော်ရွှင်ရွှင်နေတက်တဲ့ သူတို့ သုံးယောက်ဟာ သရုပ်ဆောင်ပိုင်းမှာလည်း ပြောစရာမရှိလောက်အောင် သရုပ်ဆောင်နိုင်ကြတာကိုတွေ့ရပါတယ်။

Photo & Video Credit - Bae Gyi & K Nyi
Photo & Video Credit - Bae Gyi & K Nyi

လတ်ရှိမှာတော့ မင်းသမီး ပွင့်နဒီမောင် နဲ့ ထူးခြားတို့ မောင်နှမနှစ်ယောက်ကတော့ တက်စွမ်းသလောက် အရသာရှိတဲ့ ဝတ်နံရိုးမီးတောက် ဟင်းလျာတွေကိုကိုယ်တိုင်ချက်ပြုတ်ပြီး delivery ဖြင့်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ပွင့်နဒီမောင် နဲ့ ထူးခြားတိုရဲ့ ဝတ်နံရိုးမီးတောက် ဟင်းလျာတွေကလည်း ဈေးသက်သာပြီး အရသာရှိတာကြောင့် နေ့စဉ် စားသုံးအားပေးသူတွေ ရာကျော်နေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ဟာသ လေးတွေနဲ့ ပရိသတ်တွေရင်ထဲကို ရောက်ရှိလာတဲ့ ကေညီ ကတော့ အဝတ်အထည်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်ထားတာကိုလည်းတွေ့ရပါတယ်။

Photo & Video Credit - Bae Gyi & K Nyi
Photo & Video Credit - Bae Gyi & K Nyi

ယခုဆိုရင်တော့ ပွင့်နဒီမောင် ၊ ကေညီ နဲ့ ထူးခြား တို့ သုံးယောက်ကတော့ အပြင်မှာ ညစာအတူစားရင်း တစ်ယောက်နဲ့တစ်ယောက် စနောက်ကာ ပျော်ရွှင်နေရတဲ့ ဗီဒိယိုလေးကို တင်ပေးလာခဲ့ပါတယ်။ ရယ်စရာလေးတွေပြောရင်း ကြည်နူးပျော်စရာကောင်းလောက်တဲ့ ပွင့်နဒီမောင် ၊ ကေညီ နဲ့ ထူးခြား တို့ သုံးယောက်ရဲ့ ဗီဒီယိုလေးကို ချစ်ပရိသတ်တွေလည်း ကြည့်ရှုရင်း ထပ်တူပျော်ရွှင်ရမယ်လို့မျှော်လင့်မိပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ တစ်ယောက်နဲ့တစ်ယောက် စနောက်ရင်း ခွီးနေရတဲ့ ပွင့်နဒီမောင် ၊ ကေညီ နဲ့ ထူးခြား တို့ သုံးယောက် ဗီဒီယိုလေးကို ကူးယူပြီး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Bae Gyi & K Nyi

Source - Bae Gyi & K Nyi's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။