ပရိတ်သတ်ကြီးရေ.....အရွယ်နဲ့မလိုက်အောင်ကို နုပျိုလှပနေပြီး ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့ ပျော်စရာကောင်းတဲ့မိသားစုလေးကို တည်ထောင်ထားတဲ့ နိုင်ငံကျော်အနုပညာရှင်တွေထဲမှာ အိန္ဒြာကျော်ဇင်လည်းအပါအ၀င်ဖြစ်ပါတယ်။ သူမဟာ မင်းသားချောပြေတီဦးနဲ့အတူ သာယာချမ်းမြေ့ဖွယ်အိမ်ထောင်တစ်ခုကို တည်ထောင်ထားတာပါ။ ဒါ့ပြင်အူဝဲဟာ သရုပ်ဆောင်ပိုင်းမှာ ပြောစရာမရှိအောင်ကို ထူးချွန်တဲ့သူဖြစ်တာကြောင့်လည်း ထပ်ဆင့်အကယ်ဒမီအိန္ဒြာကျော်ဇင်အနေနဲ့ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

Photo credit-Htoo Paing Zaw Oo's Facebook acc
Photo credit-Htoo Paing Zaw Oo's Facebook acc

အိန္ဒြာကျော်ဇင်ဟာ ကလေးနှစ်ယောက်မိခင်ဖြစ်ပေမယ့် တစ်သားမွေးတသွေးလှနေတာဖြစ်ပြီး ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားလေးကိုလည်း ပိုင်ဆိုင်ထားတာပါ။ ဒါ့ပြင်အူဝဲဟာ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ရုံသာမက ပန်းချီဆွဲတာ၊ဂစ်တာတီးတာတွေမှာပါ ပါရမီပါပြီးထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အူဝဲဟာဖက်ရှင်ပိုင်းနဲ့ပက်သက်ပြီးလည်း အပြစ်ဆိုဖွယ်ရာမရှိအောင်ကို လုံလုံခြုံခြုံလေးနဲ့ အမြဲစမတ်ကျနေတဲ့သူလေးပါနော်။

Photo credit-Htoo Paing Zaw Oo's Facebook acc
Photo credit-Htoo Paing Zaw Oo's Facebook acc

မကြာသေးမီကလည်း ဒါရိုက်တာထူးပိုင်ဇော်ဦးဟာ သူ့ရဲ့ Facebookစာမျက်နှာတွင် "ဒီ ဝတ္ထုကို ရုပ်ရှင်ရိုက်ချင်လိုက်တာဆိုပြီး ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၄ နှစ်ကျော်ထဲက အကြိမ်ကြိမ် အဖန်ဖန် ပုံဖော်ခဲ့တဲ့ ဒေါ်ခင်သန့်စင် ၊ သိဒ္ဓိ နဲ့ ဒီပါ တို့ မိသားစုလေးဟာ အခုတော့ လက်တွေ့ရုပ်လုံးပေါ်လာခဲ့ပါပြီ။စာအုပ်ထဲမှာ အမြဲ ရင်နှီးနေပြီးသား မိသားစုလေးကို လက်တွေ့ အပြင်မှာ တွေ့ရတာ တော်တော်ထူးဆန်းပြီး ရင်ခုန်ဖို့ကောင်းတဲ့ ခံစားမှု နဲ့ အတွေ့အကြုံပါပဲ" ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ အူဝဲဟာ ဒီဇာတ်ကားကြီးမှာဆိုရင် သားနှစ်ယောက်မိခင် ဒေါ်ခင်သန့်စင်အနေနဲ့သရုပ်ဆောင်ထားတာပါ။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Htoo Paing Zaw Oo's Facebook acc
Photo credit-Htoo Paing Zaw Oo's Facebook acc

Source-Htoo Paing Zaw Oo's Facebook acc

Photo credit-Htoo Paing Zaw Oo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။