ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး မိုးဟေကိုကတော့ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်ခဲ့ပြီး ပရိသတ်တွေ အသိအမှတ်ပြုအားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ သူလေးပါနော်။ မိုးဟေကိုက ဗီဒီယို ရုပ်ရှင်ဇာတ်ကားများစွာကို ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်ရင်ထဲ အချိန်တိုလေးအတွင် ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်လာတာကိုလည်း တွေ့ရပါတယ်....။

Photo credit - Moe Hay Ko's FB page

မိုးဟေကိုက အခုနောက်ပိုင်းမှာ ရင့်ကျက်တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့ အလှဘက်ကို တဖြည်းဖြည်းကူးပြောင်းလာပြီး စီးပွားရေးလောကမှာလည်း အောင်မြင်မှုတွေ များစွာရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူမက ၂၀၁၉ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး မြန်မာအမျိုးသမီးသရုပ်ဆောင်တွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါသေးတယ်။ သူမရဲ့ လှုပ်ရှားမှုတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကတဆင့် မျှဝေပေးလျှက်ရှိနေပြီး ပရိသတ်တွေကလည်း တခဲနက် စောင့်မျှော်အားပေးနေကြတာ အသေအချာပါပဲနော်......။ 

Photo credit - Moe Hay Ko's FB page
Photo credit - Moe Hay Ko's FB page

မိုးဟေကိုက အခုလက်ရှိမှာလည်း သူမရရှိတဲ့ အနုပညာငွေကြေးလေးနဲ့ မွန်မြတ်တဲ့အလှူဒါနလေးတစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။ " Covid19ကာလ အကြပ်အတည်းဖြစ်နေချိန်တွင် ရုပ်ရှင်ဗီဒီယိုလောကသားများအတွက် သရုပ်ဆောင် မိုးဟေကိုက ၁ဝ၀၀၀၀၀ဆယ်သိန်းကျပ်လှူဒါန်းပါသည်။ အလှူရှင်စိတ်ချမ်းသာကိုယ်ကျန်းမာနှင့် လိုအင်ဆန္ဒပြည့်ဝပါစေ။" ဆိုပြီး ရေးသားကာ မိုးဟေကိုရဲ့ အလှူပြုပုံရိပ်လေးကို တင်ပေးလာတာပဲဖြစ်ပါတယ်.။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေလည်း မိုးဟေကိုရဲ့ အလှူပြုပုံရိပ်လေးကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်........။

Photo credit - Moe Hay Ko's FB page
Photo Credit - U Aye Kyu Lay's FB account

Source - U Aye Kyu Lay's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။