ဆယ်စုနှစ်တခုတိုင် အနုပညာလောကမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေပြီး ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ခိုင်သင်းကြည်ကတော့ ယခုအချိန်ထိတိုင် အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတာပဲဖြစ်ပါတယ်.။ ခိုင်သင်းကြည်က VCDခေတ်မှ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး လူသိများကာ နောက်ပိုင်းမှာတော့ ဗီဒီယိုဇာတ်ကားတွေကိုလည်း များစွာရိုက်ကူးခဲ့ရသူပါ။ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို အနုပညာရှင်တွေနဲ့အတူ ရိုက်ကူးနေတာလည်းဖြစ်ပါတယ်.....။  

Photo credit -KHINE THIN KYI's FB page
Photo credit -KHINE THIN KYI's FB page

ခိုင်သင်းကြည်က အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး သူမ အားလပ်တဲ့ အချိန်လေးတွေမှာ မိသားစုကို အချိန်ပေးကါ ကုန်ဆုံးစေသူလည်း ဖြစ်ပါတယ်။ အရာရာကို နားလည်ပေးပြီး ကြင်နာမှုတွေ အပြည့်အဝပေးတဲ့ ခင်ပွန်းနဲ့ သိတက်လိမ္မာပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ် ။ ခိုင်သင်းကြည်က ကလေးတစ်ယောက် မိခင်ဖြစ်တာတောင် အလှမပျက်ပဲ ဆယ်ကျော်သက် တစ်ယောက်လို နုပျိုလှပနေဆဲဖြစ်ပါတယ်နော်.....။

Photo credit -KHINE THIN KYI's FB page
Photo credit -KHINE THIN KYI's FB page

ယနေ့မှာတော့ ခိုင်သင်းကြည်ဟာ သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ ပုံရိပ်လှလှလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ အပြစ်ပြောရက်စရာမရှိတဲ့ သူမရဲ့ ပုံလေးတွေကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်. ။ ခိုင်သင်းကြည်ရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ပရိသတ်တွေက အားပေးလိုက်ကြပါအုန်းနော်......

Photo credit -KHINE THIN KYI's FB page
Photo credit -KHINE THIN KYI's FB page

Source & Photo credit -KHINE THIN KYI's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။